အပိုင်း(၁၂၅)

307 22 0
                                    

အပိုင်း(၁၂၅) ရွေးချယ်မှုများ

သူတို့မှာ ဇဝေဇဝါဖြစ်နေကြပြီး အားလုံး ခန့်မှန်းနေကြသည်။

"ဒီလူငယ်လေးက အသက်မရှင်တော့ဘူးလား"

"အစ်ကိုကြီးကင်းမြီးကောက်ရဲ့ နယ်မြေမှာ ပြဿနာရှာရဲတယ်။ အကျိုးဆက်က တွေးတောင် မတွေးရဲစရာပဲ"

သို့သော် နောက်အခိုက်အတန့်တွင် ဖြစ်ပျက်သွားသည်က သူတို့အားလုံးကို မေးရိုးများအောက်ပြုတ်ကျသွားစေ၏။

ထိုထိပ်ပြောင်လူသည် ကျန်းဟန်ထံလျှောက်လာရင်း လက်ထဲတွင်ကိုင်ထားသည့် လျှပ်စစ်တုတ်ကို မြှောက်လိုက်ပြီး

"လီးပဲ...မင်းသေပြီ"

ထိုစကားသံ ပျောက်ကွယ်သွားသည်နှင့်။

"ဘန်း ဘန်း"

ကျန်းဟန်က လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ပြီး ထိပ်ပြောင်လူ၏ လက်နှစ်ဖက်ကို လက်သီးဖြင့် ထိုးလိုက်ရာ အရိုးကျိုးသံများပင် ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏။ ထိပ်ပြောင်လူ၏လက်ပင် ထူးဆန်းသည့်ထောင့်ချိုးသဏ္ဍာန် ဖြစ်သွားသည်။ ထိုနောက် ကျန်းဟန်က ထိပ်ပြောင်လူ၏ ဝမ်းဗိုက်ကို ဘန်းခနဲ အသံမြည်အောင် ပစ်ကန်လိုက်၏။

ထိပ်ပြောင်လူမှာ လေထဲသို့ နောက်ပြန်လွှင့်တက်သွားသည်။ သူ၏ခန္ဓာကိုယ်က ပုစွန်ထုပ်ကဲ့သို့ဖြစ်နေပြီး ခြောက်မီတာအကွာရှိ နံရံနှင့် တိုက်မိကာ နောက်ထပ် ဘန်းခနဲ မြည်သွားသည်။ ထိပ်ပြောင်လူ၏ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများထွက်ကျလာပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေတော့သည်။

ယခုလေးတင် ထွက်ပေါ်လာသည့် အသံများကြောင့် ကျန်းဟန်၏ ထိုးနှက်ချက်များမှာ အလွန်အားကောင်းကြောင်း လူတိုင်း ပြောနိုင်ကြသည်။

ထိုအချိန်တွင် လော်ဘီရှိလူတိုင်း၏အကြည့်မှာ ထိုနေရာကို ရောက်ရှိသွားကြသည်။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်မှုက တစ်ခန်းလုံးကို လွှမ်းမိုးသွားသည်။

ကျန်းဟန်က ရှေ့သို့ဆက်လျှောက်လာရင်း သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သည်။ ကျန်အစောင့်က သူလျှောက်လာနေသည်ကို မြင်တော့ ကြောက်ရွံ့သွား၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now