အပိုင်း(၁၂၉)

313 27 0
                                    

အပိုင်း(၁၂၉)လှိုင်းထန်လာပြန်သည်

"သူ...သူက မုန့်မုန့်အပန်းဖြေရာစားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ပါ"

ကျောက်ဖုန်း ခေါင်းကို အနည်းငယ်ငုံ့လိုက်ကာ အမှန်အတိုင်းပြန်ဖြေသည်။

"အိုး..."

ထန်ကျန့်ပြုံးကာ

"ငါ့ကို စီစီတီဗီ ရီကော့ဒ်တွေပြပါဦး"

သူပြုံးနေသော်လည်း သူ၏မျက်လုံးများမှ အေးစက်သည့်အရိပ်အယောင်များကို လူတိုင်းမြင်နိုင်ကြသည်။

ကျောက်ဖုန်းက ကလပ်မန်နေဂျာကို လက်ဟန်ပြလိုက်သည်။ လူငယ်တစ်ဦးက လက်ပ်တော့ကို ယူကာ မျက်နှာထက်တွင် ကြောက်ရွံ့မှုအနည်းငယ်ဖြင့် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြသ၏။

ထိုအချိန်တွင် လူတိုင်း စီစီတီဗီ မှတ်တမ်းကို ကြည့်နေကြသည်။

စီစီတီဗီတွင် ကျန်းဟန် ဝင်ပေါက်မှ နိုက်ကလပ်ထဲဝင်လာသည့် ဖြစ်စဉ်တစ်ခုလုံး၊ ဘားထဲမှ ဓာတ်လှေကားအစောင့်နှစ်ယောက်ကို ဆန့်ကျင်လျှောက်လာပုံ၊ ဓာတ်လှေကားထဲသို့ ဝင်သွားပုံ ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်ထား၏။

ကင်မရာသည် ကျန်းဟန်၏ မယုံကြည်နိုင်လောက်အောင် လျင်မြန်သည့် အမြန်နှုန်းနှင့် ပထမဆုံး လှုပ်ရှားမှုကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဖမ်းယူနိုင်ခြင်းမရှိဘဲ အရိပ်လောက်သာ ပါရှိလေသည်။

"ဘာ"

"မဖြစ်နိုင်တာ"

"သူက ဘယ်လောက်တောင် မြန်နေတာလဲ"

ထန်ကျန့်၏ထိပ်သီးလူဆိုးများအားလုံး မျက်နှာများပြောင်းလဲသွားကြ၏။ လူသားတစ်ယောက်က ထိုမျှ လျင်မြန်လိမ့်မည်ဟု သူတို့မယုံကြည်နိုင်ကြပေ။

သူတို့သာမက ထန်ကျန့်၏သက်တော်စောင့်များပင် မျက်နှာများ ပြောင်းလဲသွားကြသည်။ သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုက သူတို့လက်၏လှုပ်ရှားမှုထက်မြန်နေခဲ့လျှင် သူတို့သေနတ်ကိုင်ထားခဲ့ပါကလည်း ကျည်ဆန်ဖြုန်းတီးမိရုံသာ ရှိမည်ဟု သူတို့ တွက်ဆလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now