အပိုင်း(၁၃၃)

302 25 0
                                    

အပိုင်း(၁၃၃) ဇီယန်၏စိတ်ဓာတ်ကျမှု

"ကျွန်တော် သူ့အတွက် နည်းနည်းလောက် အကျိုးဆောင်ပေးချင်ပါတယ်။ သူ့ဆီကို သီချင်းတောင်းဆိုချင်တဲ့ အဆိုတော်တွေအနေနဲ့ မစ္စတာဟန်ယန်ရဲ့ Webo အကောင့်ဖြစ်တဲ့ 'Hanyang' ဆိုတဲ့ အကောင့်မှာ မက်ဆေ့ချ်ပို့ထားလို့ရပါတယ်။ ဒါက သူ့ရဲ့သီချင်းတွေကို ရနိုင်ဖို့ အခွင့်အ‌ရေးတစ်ခုတော့ဖြစ်မှာပါ"

"ကောင်းပြီ။ အဓိကအချက်ကို သွားရအောင်။ အခုဆိုရင်တော့ ကျွန်တော်ရဲ့ ဖျော်ဖြေပွဲက ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ရွှယ်ချမ်က သူ၏လက်များကို ဝှေ့ယမ်းကာ ပရိသတ်များကို ဦးညွှတ်လိုက်ပြီး ဖျော်ဖြေပွဲအား အဆုံးသတ်လိုက်၏။

ထိုညတွင် ရွှယ်ချမ် ဖျော်ဖြေပွဲတွင် ပြောပြခဲ့သည့် အချက်အလက်များမှာ ပျံနှံ့သွားခဲ့သည်။

ထိုဖျော်ဖြေပွဲတွင် သ၏နောက်ဆုံးသီးချင်းဖြစ်သည့် "Beginner" ကို သီဆိုပြီးသည့်နောက် ရွှယ်ချမ်ပြောခဲ့သည့် စကားများကို လူတိုင်းသိရှိခဲ့ကြသည်။ အမှန်ပင် ရွှယ်ချမ်၏ပရိတ်သတ်များအပြင် ဂီတပညာရှင်အချို့နှင့် မီဒီယာကုမ္ပဏီများလည်း ထိုသတင်းကို ရရှိကြ၏။

ယခုအချိန်တွင် တော်ဝင်အင်တာတိတ်မန့်ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဌာနတွင်...

မိန်ချီသည် အချိန်ဇယားတွင် မပါသည့် အွန်လိုင်းဗီဒီယိုအစည်းအဝေးကို ပြုလုပ်နေသည်။

"ဟန်ယန်အကြောင်း မင်းတို့ကြားပြီးကြပြီလား"

မိန်ချီက ချက်ချင်းပင် လိုရင်းကို တန်းသွားလိုက်၏။

ဗီဒီယိုတွင် အမျိုးသား ၅ ယောက်နှင့် အမျိုးသမီး ၁ ယောက် ပါဝင်သည်။ သူတို့အားလုံးသည် မိန်ချီ၏လက်အောက်မှလူများဖြစ်ကြသည်။

အမျိုးသားတစ်ယောက်က ခေါင်းညိတ်ကာ

"ကျွန်တော်ကြားပြီးပါပြီ။ သူ့ရဲ့ Weibo ကို အခုပဲ ကြည့်လိုက်တယ်။ အကောင့်အသစ်တစ်ခုပဲ။ ပရိုဖိုင်ပုံတောင် မရှိသေးဘူး"

"ကျွန်မလည်း ကြည့်ပြီးပါပြီ"

အသက် ၂၀ နောက်ပိုင်းအရွယ် အမျိုးသမီးက ဖြေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now