အပိုင်း(၁၃၄)

299 24 0
                                    

အပိုင်း(၁၃၄)ချဉ်စပ်ခေါက်ဆွဲအေး

တကယ်တမ်းတွင် ကျန်းဟန်သည် မွေးမြူရေးဧရိယာရှိ ကြက်များကို သတိမပြုမိခဲ့ပေ။ သူသည် ဤနှစ်ကောင် တိရိစ္ဆာန်တချို့စားသောက်သည်ကိုလည်း ဂရုမစိုက်ပေ။

သို့သော် ဤအစားကြူးသည့်နှစ်ကောင်က သည်လောက်မြန်မြန်စားပစ်သည်ကိုသာ သိခဲ့လျှင် ကျန်းဟန် အံ့ဩသွားပေမည်။ ဤနှုန်းအတိုင်းသာဆိုလျှင် မကြာခင်တွင် တိရစ္ဆာန်များ ကုန်သွားပေတော့မည်။

ကျန်းဟန်သည် တာဟေးနှင့် ရှောင်ဟေးတို့၏ခြံရံပို့ဆောင်မှုဖြင့် လခြမ်းတောင်ပေါ်မှ ပြန်လာခဲ့သည်။

"ဝူး..."

တာဟေးသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်ဝါးကြီးဖြင့် ရင်ဘတ်ကိုပွတ်သပ်ကာ ရင်ထိတ်သွားသကဲ့သို့ အမူအရာပြလေသည်။

"ဝုတ် ဝုတ်"

ရှောင်ဟေးက မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းရင်း တာဟေးအား အော်လေသည်။

ရှောင်ဟေး၏ဆိုလိုရင်းမှာ

"ငါတို့ ထပ်စားလို့မရတော့ဘူး" ဟု ဆိုလိုသည်ကို တာဟေး သိရှိသည်။

တာဟေးက မွေးမြူရေးဧရိယာဘက်သို့ အကြိမ်အနည်းငယ် မျက်စောင်းထိုးလိုက်သည်။

"ဝူး ဝူး ဝူး..."

တာဟေးသည် ခဏအကြာတွင် သူ၏လက်ဝါးဖြင့် အမူအရာပြသည်။

"ငါတို့ ဘဲနဲ့ ငန်းတွေကို နည်းနည်းလောက် စားရအောင်။ ပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ကြမယ်" ဟု ဆိုလိုခြင်းပင်။

ရှောင်ဟေးက အနည်းငယ် စဉ်းလိုက်လိုက်ပြီး ခေါင်းညိတ်၏။

"ဝုတ်"

(တကယ့်နှစ်ကောင် အိမ်တော်ထိန်းခန့်ထားမှ သူတို့ကချည်း စားပစ်နေတယ်။ အပြင်က သူခိုးက မလာရဘူး)

တာဟေးသည် သူ၏လက်ဝါးကြီးများအား ဝှေ့ယမ်းရင်း ရှောင်ဟေးနှင့်အတူ တောင်နောက်ဖက် တောထဲသို့ အလျင်အမြန်ပြေးသွားခဲ့သည်။

မနက်ခင်းတွင် သူတို့သည် လခြမ်းတောင်၏လွှတ်ကျောင်းကြက်များကို နှစ်သက်ကြသည်။ သူတို့၏မနက်စာက စားသောက်ဆိုင်များထက် ပို၍ကောင်းသည်ဟု ပြော၍ရပေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now