အပိုင်း(၁၃၅)

298 26 0
                                    

အပိုင်း(၁၃၅)ခန့်မှန်းရခက်သည့်စိတ်

"ဟားဟား...လူသစ်တစ်ယောက်ကို ရှုံးသွားတာပဲ။ တော်တော် ရယ်စရာကောင်းတယ်"

"သနားစရာပဲ။ နောက်ဆုံးတော့ သူမက အထည်ကြီးပျက်ပါပဲ"

"လက်မလွှတ်နိုင်သေးတဲ့ အိမ်မက်တွေရှိသေးတာပဲ။ စိတ်ဓာတ်မကျပါနဲ့"

အနားရှိ အခြားသူများမှာလည်း အလားတူ ပုတ်ခတ်ပြောဆိုကြ၏။ ထိုစကားများကိုကြားသည့်အခါ ဇီယန် အနည်းငယ် ဒေါသထွက်သွားသည်။

သို့သော် ကျိုးဖေးက ပြုံးကာ ပြန်ပြောလေသည်။

"ဒီတော့ နင်တို့ပြောချင်တာ အဲ့ကိစ္စပေါ့။ ဟားဟား အရမ်းရယ်ရတာပဲ။ နင်သိလား။ အဆက်အသွယ်တွေ အရင်းအနီးတွေရဖို့အတွက် ဘာမဆိုပေးဆပ်ပြီး ရယူခဲ့တဲ့သူထက်တော့ သာပါတယ်နော်။ ပြီးတော် မျက်နှာကို ဟိုင်ရာလောနစ်အက်ဆစ်ထိုးပြီး ပြုပြင်ထားတဲ့သူကများ သူများကို လိုက်ပြီး ဝေဖန်နေတာက ငါ့အတွက် ပိုပြီးတောင် ရယ်စရာကောင်းသေးတယ်"

"နင်ဘယ်သူ့ကို ပြောတာလဲ" ရှုလောယွီ၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားပြီး ကျိုးဖေးအား စိုက်ကြည့်နေသည်။

ခွဲစိတ်အလှပြင်ခြင်းသည် ယနေ့ခေတ်တွင် ခေတ်စားနေပြီး ရှုလောယွီသည်လည်း ချွင်းချက်မဟုတ်ပေ။ သူမ၏မျက်နှာအား အနည်းငယ် ပြုပြင်ထားကာ ပို၍ကြည့်ကောင်းလာခဲ့သည်။ ကျိုးဖေး၏မျက်နှာချင်းဆိုင် လှေင်ပြောင်ပြောဆိုမှုက သူမအား ဒေါသထွက်စေ၏။

"ငါ ဘယ်သူ့အကြောင်းရမှာလဲ။ နင်ကိုယ်ဟာကိုယ် မသိဘူးလား" ကျိုးဖေးသည် ထေ့ငေါ့မှုများပြည့်နေသည့် မျက်လုံးများဖြင့်ကြည့်ကာ ပြောသည်။

ထိုထေ့ငေါ့သည့်စကားများတွင် ကျိုးဖေးသည် မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။ သူမတို့အား လာ၍ ကဲ့ရဲ့လှောင်ပြောင်ရဲသည့် ထိုလူသစ်လေးများအား နိုင်အောင် ပြန်၍ မပြောနိုင်လျှင် ကျိုးဖေး မဟုတ်တော့ပေ။

"ဘာကိစ္စ စကားကို ရွဲ့စောင်းပြောနေတာလဲ" ရှုလောယွီ၏ကိုယ်စားလှယ်က နှာခေါင်းရှုံ့ကာ "အခု ကုမ္ပဏီတစ်ခုလုံးမှာ အဲ့ဒီအထည်ကြီးပျက်ရဲ့ အခွေရောင်းအား ရလဒ်ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ။ ငါတို့ လောယွီနဲ့များ သူက ယှဉ်ချင်နေသေးတယ်။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now