အပိုင်း(၁၃၆)

296 20 0
                                    

အပိုင်း(၁၃၆) ထီပေါက်ခြင်း

ကျန်းဟန်၏မျက်လုံးများက အောက်သို့ ဆက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် စာမျက်နှာပေါင်းများစွာ ကျော်လွန်သွားပြီးနောက် အမြင်ကောင်းတစ်ချို့ရှိသည့် အတွဲတစ်တွဲကို တွေ့လိုက်ရသည်။

"WX Group"

ကျန်းဟန်သည် WX Group မှ ပို့ပေးထားသည့် မက်ဆေ့ချ်ကို စိုက်ကြည့်နေသည်။ ၎င်းကို ဖတ်ရှုပြီးနောက်တွင် ထိုကောမန့်၏အောက်၌ "မင်းရဲ့အီးမေးလ်လိပ်စာကို ငါ့ရဲ့သီးသန့်မက်ဆေ့ချ်ကနေ ပို့ပေးပါ" ဟု စာပြန်လိုက်၏။

မက်ဆေ့ချ်ကိုကြည့်ရသည်မှာ သူတို့သည် သီချင်းတစ်ပုဒ်ရရန် ကြိုးစားနေသည့်ပုံပင်။

ကျန်းဟန်က အောက်ကို ဆက်ကြည့်လိုက်ရာ မိန်တုံနာမည်နှင့် "မင်္ဂလာပါ ဟန်ယန်။ ငါက သီချင်းဆိုရတာကို နှစ်သက်တဲ့ လွတ်လပ်တဲ့ဂီတသမားတစ်ယောက်ပါ။ ငါ မင်းရဲ့ သီချင်းတွေကို အရမ်းမျှော်လင့်မိပါတယ်။ ကျေးဇူးပြုပြီး စဉ်းစားပေးပါ" ဟူသည့် ကောမန့်ကိုတွေ့လိုက်ရသည်။

ထိုကောမန့်၏အောက်တွင် ကျန်းဟန်က "မင်းရဲ့အီမေးလ်လိပ်စာကို ငါ့ရဲ့သီးသန့်မက်ဆေ့ချ်ကနေ ပို့ပေးပါ" ဆိုသည့် စာကြောင်းကို ထပ်မံ ပြန်ကြားလိုက်သည်။

ထိုနောက် သူ ဆက်၍ ကြည့်လိုက်ပြီး "ဒုန်တျန်" နှင့် "ရွှယ်ကော" ဆိုသည့် အဆိုတော်နှစ်ယောက်ကိုပါ ရွေးချယ်လိုက်၏။

နာရီဝက်ကြာအောင် ကြည့်ရှုပြီးနောက် နောက်ထပ် ရင်းနီးသည့်နာမည်များကို မတွေ့ရတော့သဖြင့် ကျန်းဟန် ကွန်ပြူတာကို ပိတ်လိုက်သည်။

နေ့လည်စာ စားပြီးနောက်တွင် ကျန်းဟန်သည် မုန့်မုန့်ကို အသံသွင်းစတူဒီယိုသို့ ခေါ်သွားပြီး မင်းသမီးလေး ခဏလောက် သီချင်းဆိုခွင့်ပေးသည်။

"အမ်ဟမ် ဖေဖေ။ ဖေဖေ သီချင်းမဆိုရသေးဘူး။ မုန့်မုန့်က ဖေဖေ သီချင်းဆိုတာကို နားထောင်ချင်တယ်"

မုန့်မုန့်သည် သီချင်းအနည်းငယ် သီဆိုပြီးနောက် နှုတ်ခမ်းလေးကိုစူက ကျန်းဟန်အား ပြောလေ၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now