အပိုင်း(၁၃၇)

295 22 0
                                    

အပိုင်း(၁၃၇)သီချင်းလေးပုဒ်

မြူးကြွသည့် နောက်ခံတီလုံးဖြင့် တွဲစပ်ကာ ရှုလန်သည် ပထမအပိုဒ်၏စာသားများကို စတင်သီဆိုသည်။

"မင်းကိုချစ်တာ ရလဒ်မရှိကြောင်းသိပေမဲ့ မင်းငါ့ကို ချိုမြိန်မှုတွေပေးလိမ့်မယ်လို့ ငါမျှော်လင့်ရင်း ရူးသွပ်နေဆဲ...။ ငါက အားနည်းပြီး မင်းကို လက်လှမ်းမမှီနိုင်တော့...။ ငါ့ရဲ့စိတ်ကူးယဉ်မှုတွေကို ဒီသီချင်းနဲ့ထည့်ရေးထားမယ်။ မင်းနဲ့အတူ ပျံသန်းမယ်။ မင်းနဲ့ အတူတူရှိမယ်။ မင်းနဲ့အတူ မျှဝေခံစားမယ်။ မင်းနဲ့သာဆိုရင် ငါပျော်ရွှင်တယ်။ မင်းနဲ့အတူ အရာများစွာ ငါလုပ်ချင်တယ်။ ဒါပေမယ့် မင်းကိုပဲလွမ်းတယ်"

စာသားများမှာ ရှုလန်၏နှလုံးသားထဲကို လုံးဝ ထိခတ်သွား၏။ သူမ၏အမြင်တွင် အချစ်သည် ချိုမြိန်၍ ရိုမန်တစ်ဆန်သည်။ ကံမကောင်းစွာပင် ရလဒ်မှာ ပြောင်းပြန်ဖြစ်ခဲ့၏။ ဝေ့ချန်ဒုန်၏မိသားစုမှာ ဆင်းရဲသည့်အတွက်ကြောင့် သူမ၏မိဘများက သဘောမတူခဲ့ပေ။ အခက်အခဲများစွာကို ကြုုံ့တွေ့ဖြတ်သန်းရနိုင်ကြောင်း သူမသိရှိသော်လည်း သူမသည် သူ့အား ဆက်ချစ်နေပြီး သူနှင့်အတူ ရုန်းကန်ဖြတ်သန်းခဲ့၏။

စာသားများနှင့် တေးသွားက သူမ၏စိတ်ထဲမှ မျှော်လင့်ထားသည့် အချစ်ကို ဖော်ပြနေသလိုပင်။ သူမလက်ကိုင်ထားသည့် အနာဂတ်ကို သီချင်းထဲတွင် ရေးသားထား၏။ သူမတွင် လုပ်စရာအများကြီးရှိသေးပြီး အနာဂတ်တွင် ထိုအရာအားလုံးကို ကြိုးစားကြည့်နိုင်ဖို့ မျှော်လင့်သည်။

သူမ၏အပိုဒ်ပြီးသွားသည့်အခါ ဝေ့ချန်ဒုန်က မိုက်ကို ဆွဲယူကာ စတင်သီဆိုသည်။

"ကိုယ့်ရဲ့အချစ်ကို ပိတ်ကားထက်မှာ ပြသရရင် ကိုယ့်နှလုံးသားကို ပျားရည်တွေ ဖုံးလွှမ်းထားသလိုပါပဲ။ မင်းရဲ့အကြည့်က ကိုယ့်ကို ညှို့ယူဖမ်းစားထားသလို မင်းရဲ့အလှအတွက် အရာအားလုံး ကိုယ်စွန့်လွှတ်နိုင်တယ်။ ရည်းစားဟောင်းကိုတောင် သူငယ်ချင်းတွေနဲ့ မိတ်ဆက်မပေးဘူးပေမယ့် မင်းအကြောင်းကို ကိုယ်အမြဲပြောတယ်..."

ဝေ့ချန်ဒုန်သည် ဤသီချင်းကို နက်ရှိုင်းစွာ နားလည်ပေသည်။ ဤသီချင်းသည် အွန်လိုင်းအချစ်ဇာတ်လမ်းအကြောင်း ဖြစ်ကြောင်း သူသိ၏။ ထိုဇာတ်လမ်းတွင် ဇာတ်လိုက်သည် သူ၏အချစ်မှာ မရေမရာဖြင့် အဆုံးသတ်မည်ကို သိရှိသော်လည်း သူ၏ချစ်သူအား စွဲလမ်းပြီး သူ၏စိတ်ကူးယဉ်အချစ်ဖြင့် ခံစားချက်ကို ဖော်ပြလိုခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now