အပိုင်း(၁၃၈)

296 28 0
                                    

အပိုင်း(၁၃၈)သူတို့ရဲ့လျှို့ဝှက်ချက်ကို တွေ့သွားပြီ

နောက်တစ်နေ့တွင် ကျန်းဟန်သည် ပုံမှန်အတိုင်း မနက်စာကို ချက်ပြုတ်သည်။

ဇီယန်နှင့်ကျိုးဖေးတို့မှာ ယမန်နေ့က အလုပ်ဖိအားများကြောင့် ပင်ပန်းလွန်းသဖြင့် ညဘက် သွားလိုက်ပြန်လိုက်မလုပ်ချင်သဖြင့် စားသောက်ဆိုင်၌ တစ်ညအိပ်ခဲ့ကြသည်။

ယခု ဇီယန်သည် စားသောက်ဆိုင်တွင် တစ်ညနေခဲ့ပြီး ကျိုးဖေးနှင့်အတူတူနေခဲ့ခြင်းဖြစ်၏။ သူမ တစ်ယောက်တည်း ဤနေရာတွင် နေရန် အဆင်သင့်မဖြစ်သေးချေ။

ဇီယန်၏စကားများအရ ထိုစိတ်တိုဖို့ကောင်းသည့်အကောင်က သူတို့၏ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဘာမှနားမလည်သလို ဘာမှလည်း ပြောခြင်းမရှိပေ။ ထို့ကြောင့် သူ့ဘက်က ဘာမှမပြောဘဲနှင့် သူမသည် ဤနေရာတွင် အကြောင်းအရင်းမရှိလဲ နေရန် စိတ်ကူးမရှိချေ။

တကယ်တမ်းတွင် ယခုအချိန်၌ ကျန်းဟန်ကသာ ဇီယန်အား စိတ်ရင်းအမှန်ဖြင့် ဆိုင်တွင်နေရန် ပြောခဲ့မည်ဆိုပါက ဇီယန်မှာ ငြင်းမည်မဟုတ်ပေ။ သို့သော် သူမ ဘက်ကတော့ တောင်းဆိုမည်မဟုတ်ချေ။

"ကျန်းဟန် ကျွန်မခေါက်ဆွဲအေးစားချင်တယ်။ အေးအေးလေးနဲ့ လန်းလန်းလေးဖြစ်သွားစေတဲ့ သခွားသီးလေး ပိုထည့်ပေးပါ။ ခရမ်းချဉ်သီးများများလည်း ထည့်ပေးပါ။ ငရုတ်ကောင်းများများထည့်ရင် ပိုကောင်းတယ်။ ကျွန်မက အစပ်စားနိုင်တယ်"

ကျန်းဟန် အပေါ်ထပ်သို့ တက်လာတုန်း ဇီယန်က သူ့အား အမြန်ပြောလိုက်၏။ မနေ့က သူမစားခဲ့သည့် ခေါက်ဆွဲအေးမှာ အလွန်ကို လန်းဆန်းသွားစေပြီး ဇီယန်၏အကြိုက်ဆုံး ဖြစ်လာခဲ့သည်။

ကျန်းဟန် ထိုစကားကို ကြားသည့်အခါ သူမအား ကြည့်လိုက်ပြီး ခေါင်းညိတ်ပြ၏။

သူတို့၏စကားများကိုကြားပြီးနောက် မေမေ၏ဆံပင်ဖြီးသင်ပေးခြင်းကို ခံနေရသည့် မုန့်မုန့်လေးမှာ သူမလေး၏ကြည်လင်သည့်မျက်လုံးလေးများဖြင့် ကျန်းဟန်အား ကြည့်လိုက်သည်။ သူမလေးသည် ကလေးသံလေးဖြင့် ဇီယန်၏လေသံကို အတုခိုးကာ "အဟမ်း ကျန်းဟန် ကျွန်မလည်း ခေါက်ဆွဲအေးစားချင်တယ်။ အေးအေးလေးနဲ့ လန်းသွားစေတဲ့ သခွားသီးနည်းနည်းလောက် ပိုထည့်ပေးပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးလည်း နည်းနည်းပိုထည့်ပေး။ ကျွန်မက အစပ်စားနိုင်တယ်။ အဲ့ဒါတွေအကုန်လုံး နည်းနည်းစီပိုထည့်ပေးရင် ပိုကောင်းတယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now