အပိုင်း(၁၃၉)

300 22 0
                                    

အပိုင်း(၁၃၉) မစ္စတာကျန်းကတကယ်ကိုနတ်ဘုရားပဲ

"ဝူး ဝူး ဝူး..."

ထို့နောက် တာဟေးက ကျန်းဟန်အား အော်လိုက်ပြီး တောအုပ်ထဲတွင် ငန်းနှစ်ကောင်ရှိသေးကြောင်း ပြောလိုက်သည်။ ကျန်းဟန်လည်း သဘောပေါက်လိုက်ပြီး လက်ဝှေ့ယမ်းကာ "မြန်မြန်သွား" ဟု ပြောလိုက်သည်။

"ဝူး ဝူး..."

တာဟေးမှာ ရယ်မောကာဖြင့် ရှောင်ဟေးနှင့်အတူ ပြေးထွက်သွားသည်။ ခဏအကြာတွင် သူတို့သည် ငန်းနှစ်ကောင်ဆီသို့ သူတို့ပြန်ရောက်လာကာ သူတို့မှာ မုန့်မုန့်နှင့်အတူတူစားချင်ကြ၏။ သို့သော် ကျန်းဟန်က မုန့်မုန့်အား သူတို့နှင့်အတူစားခွင့်မပေးချေ။ အသား၏မွှေးရနံ့ထွက်လာခဲ့သော်လည်း အရသာမှုန့်များထည့်ထားသည့်အတွက် သူတို့နှင့်သာ ပို၍သင့်တော်သည်။ ထို့အပြင် ထိုနှစ်ကောင်သည် ငန်းများကို ဂရုတစိုက် သန့်ရှင်းထားခြင်းမရှိချေ။ ထို့ကြောင့် မုန့်မုန့်အား မစားခိုင်းခြင်းဖြစ်သည်။

"ဟိုမှာ သစ်ပင်တွေ့လား။ အဲ့အမှုန့်လေးနည်းနည်းလောက် ထည့်လိက်ရင် မင်းတို့အသားကို ပိုပြီးကောင်းလာစေလိမ့်မယ်" ကျန်းဟန်က တာဟေးအား ကောင်ကင်သစ်မွှေးကို ညွှန်ပြကာ ပြောသည်။

နှိုင်းယှဉ်၍ပြောရလျှင် တာဟေးသည် ရှောင်ဟေးထက် လျင်မြန်၏။ ရှောင်ဟေးသည် ကျန်းဟန်၏အမူအရာနှင့် လက်ဟန်များကို နားလည်နိုင်ပြီး တာဟေးမှာ သူ၏စကားများကို တိုက်ရိုက်နားလည်နိုင်သည်။

ပြောပြီးသည်နှင့် ကျန်းဟန်၏ ဖုန်းက မြည်လာခဲ့ပြီး ထုတ်ကြည့်ကာ ကျန်းလီ၏ခေါ်ဆိုမှုကို ကိုင်လိုက်၏။

"အစ်ကို ငါ နာရီဝက်လောက်နေရင် ဆိုင်ကိုရောက်တော့မယ်။ ဒီနေ့က အန်နာရဲ့ပိတ်ရက်ဆိုတော့ ငါ သူ့ကိုပါခေါ်လာခဲ့တယ်"

"အင်း...ငါက ဆိုင်မှာမဟုတ်ဘူး။ နင် လခြမ်းတောင်ကိုတန်းလာခဲ့တာ ပိုကောင်းမယ်။ ဒါနဲ့ ငါ့ကို လက်ပ်တော့တစ်လုံးနဲ့ နက်ဝက်ကဒ်(Network Card)တစ်ခုလောက် ဝယ်ခဲ့ပေးပါဦး" ကျန်းဟန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now