အပိုင်း(၁၄၀)

303 24 0
                                    

အပိုင်း(၁၄၀)ဇီယန်၏ပြောင်းလဲမှု

"မစ္စတာဟန်က နာမည်ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာကို အလေးထားတဲ့သူမဟုတ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အသေးစိတ်ပြောပြဖို့တော့ အဆင်မပြေဘူးဗျ" ရွှယ်ချမ်က ခေါင်းယမ်းကာ ပြောသည်။

"ကျော်ကြားမှုနဲ့ ငွေကြေးကို ဂရုမစိုက်ဘူးပေါ့" ကန်ဒီ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး ပြုံးကာ ဆက်၍ ပြောသည်။

"ကျော်ကြားမှုအတွက် ရေးတာမဟုတ်ဘဲ ဒီလိုအရည်အချင်းရှိပြီး ခံယူချက်နဲ့ တေးရေးဆရာတစ်ယောက်က တကယ့်ကို ရှားပါးပါတယ်။ ပြောပြဖို့ အဆင်မပြေလည်းရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အထောက်အထားကို ဖယ်ထားပြီး သူနဲ့ပတ်သက်တဲ့ တခြားအကြောင်းတွေ ပြောပြနိုင်မလား။ ဥမာ မစ္စတာဟန်ယန်က ရည်းစားရှိသလား။ ရုပ်ချောသလား။ သူ့ရဲ့ ပင်ကိုယ်စရိုက်ကဘယ်လိုမျိုးလဲ စသဖြင့်ပေါ့ ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ မေးခွန်းမျိုးကို ဖြေပေးစေချင်ပါတယ်"

"ဟားဟားဟား ကောင်းပြီ။ ဒါဆို ကျွန်တော် ပြောပြမယ်" ရွှယ်ချမ်က ရယ်မောကာ ခေါင်းယမ်းလိုက်ပြီး

"ကျွန်တော် မစ္စတာဟန်ယန်နဲ့ ဆက်သွယ်မိတာ မကြာသေးဘူးဗျ။ ဒါပေမဲ့ ကျွန်တော် သူ့ကို အတိုင်းအတာတစ်ခုအထိတော့ သိသလိုရှိပါတယ်။ ပထမဆုံးအနေနဲ့ မစ္စတာဟန်ယန်က သံသယရှိစရာမလိုအောင်ကို အရည်အချင်းရှိတဲ့သူပါ။ ကျွန်တော် မြင်ဖူးသမျှမှာ သူက အရည်အချင်းအရှိဆုံး တေးရေးဆရာပဲ"

"သူက အသက် ၂၆ လောက်ရှိပြီး တော်တော်ချောမောတဲ့ ယောက်ျားတစ်ယောက်ပါပဲ။ ကျွန်တော် မှန်လားတော့ မသိဘူး"

"ဝိုး...သူက ငယ်ငယ်ချောချောလေးပေါ့။ သူ့မှာ ရည်းစားရောရှိလား" ကန်ဒီက စိတ်လှုပ်ရှားလာဟန် ပြုမှုလိုက်ပြီး ပြုံးကာ မေးသည်။

"သူ့မှာ...ရည်းစားတော့ မရှိပါဘူး" ရွှယ်ချမ်က ခေါင်းယမ်းကာ ရယ်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင်တော့ သူက အကြောင်းအရာလှည့်ကာ ပြောလိုက်၏။

"သူ့မှာ ဇနီးတော့ရှိတယ်။ သူ့အမျိုးသမီးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးပေမယ့် သူ့သမီးလေးကိုတော့ တွေ့ဖူးပါတယ်။ သူမလေးက ကျွန်တော်တွေ့ဖူးသမျှမှာ အလှဆုံးနဲ့ ချစ်စရာအကောင်းဆုံး ကလေးမလေးပါ။ ပြီးတော့ မစ္စတာဟန်ယန်က သူ့သမီးလေးကို အရမ်းချစ်ပြီး အလိုလိုက်တာ။ သူများကလေးတွေမြင်ရင် မနာလိုအားကျလောက်အောင်ပဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now