အပိုင်း(၁၄၁)

309 25 0
                                    

အပိုင်း(၁၄၁) ချောင်ရှန်ငန်းမဆလာ

ပီရာဆန်က ဘာလို့ ထိုနှစ်ယောက်နဲ့ အတူလာရတာလဲ...

၎င်းက ပီရာဆန်မှာ အလွန်ပါးနပ်သည့်သူဖြစ်ကြောင်း ထင်ရှားစေသည်။ သူသည် ပထမဆုံးမန်ဘာကဒ် ၁၀ ခုလုံး ရောင်းကုန်သွားသော်လည်း ဤဆိုင်တွင် အဖွဲ့ဝင် ကိုးယောက်သာ လာရောက်ကြောင်း သတိပြုမိခဲ့သည်။ ထို့ကြောင့် သူသည် မေးမြန်းစုံစမ်းကြည့်ရာ ဝမ်ချမ်းမှာ မန်ဘာကဒ် ၃ ကဒ်ရှိပြီး တစ်ကဒ်မှာ တစ်ခါတစ်ရံ သူ၏မြေးများကို ခေါ်လာရန်အတွက်ဖြစ်ကြောင်း သိရှိခဲ့၏။

ထို့ကြောင် ပီရာဆန်သည် အကြံတစ်ခုရလာခဲ့သည်။ သူ နားပူနားဆာလုပ်ပြီးနောက်တွင်တော့ ဝမ်းချမ်းက မြေးများခေါ်မလာသည့်အချိန်တွင် သူ့အား မန်ဘာကဒ်ငှားရန် အောင်အောင်မြင်မြင်တောင်းဆိုနိုင်ခဲ့သည်။

သို့သော် ၎င်းမှာ ကျန်းဟန်၏ခွင့်ပြုချက်ကို လိုနေဆဲဖြစ်သည်။ ထို့ကြောင့် ပီရာဆန်သည် ဆိုင်ထဲသို့ ဝင်လာပြီးနောက် ကျန်းဟန်ဆီသို့ တန်း၍လျှောက်သွားကာ ရှက်ရွံ့စွာဖြင့် "သူဌေး ကျွန်တော် တစ်ခုလောက် တောင်းဆိုချင်လို့ပါ" ဟု တိုးတိုးလေးပြောသည်။

အခြားစားသောက်ဆိုင်များဆိုလျှင် ပီရာဆန်မှာ သူ၏အထောက်အထားကို ဖော်ပြလိုက်သည်နှင့် ဘာမှပြောနေစရာမလိုတော့ပေ။ သူ၏အထောက်အထားက သူ့အား အထူးဧည့်သည်တော်ဖြစ်လာစေရန် လုံလောက်၏။ သို့သော် သူဌေး၏မျက်လုံးထဲတွင်တော့ အစားအသောက်အေဂျင့်တစ်ယောက်ဆိုသည်မှာ စောက်လုပ်မရှိ စောက်လုပ်ရှာနေသည့် အေးဂျင့်များနှင့် အတူတူပင်ဖြစ်ပြီး သူ့အား လုံးဝဂရုမစိုက်ကြောင်း သူသိလေသည်။

"ဆက်ပြောပါ" ကျန်းဟန်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်၏။

"အာ...ကျွန်တော် အန်ကယ်ဝမ်နဲ့ ဆွေးနွေးပြီးသွားပါပြီ။ သူ့မှာ မန်ဘာကတ်သုံးကတ်ရှိတာ သူ့ရဲ့မြေးတွ ခေါ်မလာတဲ့အချိန်ကျရင် လွတ်နေတဲ့ တစ်ကတ်ကို ကျွန်တော်သုံးလို့ရမလားလို့ပါ" ပီရာဆန်မှာ အလွန်နေရခက်သည့်ဟန်ဖြင့် ပြောသည်။

သူသည် ဝမ်ချမ်းအား အချိန်အတော်ကြာ တောင်းဆိုထားပြီးမှ ထိုမန်ဘာကန်အတွက် အခွင့်အရေးရခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူဌေးကသာ သဘောမတူပါက သူ၏နေ့ရက်များမှာ ဝမ်းနည်းဖွယ်ကောင်းပေတော့မည်။ အဖွဲ့ဝင်များ၏ အရသာရှိသည့် အစားအသောက်များကို မစားနိုင်တော့ဘူးဆိုသည့်အတွေးက ပီရာဆန်၏နှလုံးသားကို နာကျင်သွားစေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now