အပိုင်း(၁၄၄)

292 24 0
                                    

အပိုင်း(၁၄၄) အစည်းအဝေးတစ်ခု

"ဒါတွေအားလုံးကို လူတစ်ယောက်တည်းက ရေးထားတာလား။ ဟန်ယန်လား။ အဲ့နာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ"

ဇီယန်သည် ဟန်ယန်နှင့်ပတ်သက်သည့် အချက်အလက်များကို စဉ်းစားရင်း သံသယဖြင့် ပြောသည်။ သူမ ထိုနာမည်ကို မမှတ်မိပေ။

"နင် ဟန်ယန်ကို မမှတ်မိဘူးလား။ ပြီးခဲ့တဲ့တစ်ခေါက် အစည်းအဝေးမှာတုန်းက စုန်းမအိုကြီးက သူ့ကို ဥပမာပေးပြီး ငါတို့ကုမ္ပဏီက တေးရေးတွေကိုတောင် အပြစ်တင်နေခဲ့သေးတယ်လေ" ကျိုးဖေးက အစဖော်ပေးလိုက်သည်။

"အာ"

ဇီယန်မှာ အော်လိုက်မိပြီး ပါးစက်ကို လက်ဖြင့်အုပ်လိုက်၏။ သူမသည် ကျိုးဖေးအား မျက်လုံးပြူးကာ ကြည့်လိုက်ပြီး

"ရွှယ်ချမ်အတွက် သီချင်းကောင်းသုံးပုဒ်ရေးပေးတဲ့ ဟန်ယန်ပဲလား"

"အင်း သူပဲ။ အိုး ဘုရားရေ သူက တကယ့် ပါရဂူ တေးရေးဆရာတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ တစ်ရက်တည်းနဲ့ မာစတာပိစ် သီချင်းလေးပုဒ်တောင် ရေးခဲ့တယ်။ ဒါက စိတ်ကူးနိုင်တာထက်ကို ကျော်သွားပြီး" ကျိုးဖေးမှာ ထပ်တလဲလဲ အံ့ဩတကြီးပြောနေသည်။

"အံ့ဩစရာပဲ" ဇီယန်လည်း အံ့အားသင့်သွား၏။ ဤကဲ့သို့ စွယ်စုံရသည့်လူများအား သူမ သဘောကျ အသိအမှတ်ပြုသည်။

"ငါ သူ့ရဲ့ Weibo မှာ မက်ဆေ့ချ်ထားခဲ့လိုက်မယ်။ သူ နင့်ကို သီချင်းကောင်းတစ်ပုဒ်လောက် ရေးပေးရင် အရမ်းကောင်းမှာ" ကျိုးဖေးမှာ ပြုံးရွှင်ကာ စိတ်ကူးယဉ်နေသည့်မျက်လုံးများဖြင့် ပြောသည်။ ဟန်ယန်သည် ဇီယန်အတွက် အကောင်းဆုံးဆိုသည့် သီချင်း ၁၀ ပုဒ်ရေးပေးခဲ့ပြီး ဇီယန်သည်လည်း လွန်ခဲ့သည့်နှစ်များဆီကအတိုင်း ပြန်လည်ကျော်ကြားလာပြန်သည်ဟု သူမ စိတ်ကူးယဉ်ပုံဖော်ကြည့်နေသည်။

"ကောင်းပြီ ဒါဆို မက်ဆေ့ချ်ချန်ထားခဲ့လိုက်ပေါ့" ဇီယန် ခေါင်းညိတ်၏။

"ဒါနဲ့ ဒီဗီဒီယိုကို ကြည့်ကြည့်ဦး" ကျိုးဖေးသည် စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပြန်ထွက်လာခဲ့ပြီး ရွှယ်ချမ်၏ ဟန်ယန်အကြောင်း မိတ်ဆက်ပြောပြနေသည့် အင်တာဗျူးဗီဒီယိုဖိုင်ကို ဖွင့်ပြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now