အပိုင်း(၁၄၅)

309 23 1
                                    

အပိုင်း(၁၄၅) ထိုင်မနေနိုင်တော့ဘူး

ကျန်းဟန်သည် ထွက်ရှိလာခဲ့ပြီးသည့် သူ၏သီချင်းများက ဖျော်ဖြေရေးလောကတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်အား လုံးဝ မသိရှိခဲ့ပေ။

သို့သော် ဤသည်က အစသာ ရှိသေးချေ၏။

ထိုအချိန်၌ စားသောက်ဆိုင်တွင် မုန့်မုန့်သည် ကာတွန်းကားကြည့်နေပြီး ကျန်းဟန်သည်တော့ အားနေသဖြင့် ကွန်ပြူတာရှေ့တွင် ထိုင်ကာ Weibo ကောမန့်မက်ဆေ့ချ်များကို တစ်ခုပြီးတစ်ခု စစ်ကြည့်နေသည်။

အောင်းချမ်း "လေးစားရပါသော မစ္စတာဟန်ယန်ခင်ဗျာ။ ကျွန်တော်က လွတ်လပ်တဲ့ ဂီတသမားတစ်ယောက်ဖြစ်တဲ့ အောင်းချမ်းပါ။..........."

အောင်းချမ်းလား...

ကျန်းဟန် မျက်လုံးများကို မှေးလိုက်ပြီး ခဏတန့်သွားကာ ထိုကောမန့်၏အောက်တွင် "မင်းရဲ့ အီးမေးလ်လိပ်စာပေးပါ။ မင်းကို We Are So Different ဆိုတဲ့ သီချင်းတစ်ပုဒ် ပေးမယ်" ဟု စာပြန်လိုက်သည်။

အောက်ရှိ မက်ဆေ့ချ်များကို ဆက်ကြည့်လိုက်၏။

နွမ်ဝမ် "မင်္ဂလာပါ အစ်ကိုကျန်းဟန်။ ကျွန်တော်က ဂီတသမားတစ်ယောက်ဖြစ်တဲ့ နွမ်ဝမ်ပါ။ အစ်ကိုရဲ့ သီချင်းတွေကို အရမ်းသဘောကျပါတယ်။........."

မက်ဆေ့ချ်ကို ဖတ်ပြီးနောက် ကျန်းဟန်က စာပြန်လိုက်သည်။

"မင်းရဲ့ အီးမေးလ်လိပ်စာကို ပို့ပေးပါ။ Fly Away ဆိုတဲ့ သီချင်းတစ်ပုဒ် မင်းကို ပေးမယ်"

ZY Group "ဟိုင်း မစ္စတာဟန်ယန် ကျွန်တော်တို့က ယွဲ့ဒုန်အင်တာတိန်းမန့်ကုမ္ပဏီက ZY Group ဖြစ်ပါတယ်။ မစ္စတာဟန်ယန်ရဲ့ သီချင်းတွေကို ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်"

ကျန်းဟန်က "မင်းတို့ရဲ့ အီးမေးလ်လိပ်စာကို ပို့ပေးပါ။ Chilly ဆိုတဲ့ သီချင်းတစ်ပုဒ် ပို့ပေးမယ်" ဟု စာပြန်လိုက်သည်။

...

ကျန်းဟန်သည် နာရီဝက်ကျော်ကြာအောင် မက်ဆေ့ချ်များကို ကြည့်ရှုခဲ့ပြီး ဤတစ်ကြိမ်တွင် လူ ၉ ယောက်ကို ရွေးချယ်ခဲ့၏။

ထို့ကြောင့် ကျန်းဟန်သည် နေ့လည်ပိုင်းတွင် အသံသွင်းစတူဒီယိုသို့ ထပ်မံသွားခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် မုန့်မုန့်နှင့် မကစားတော့ဘဲ သီချင်းကိုးပုဒ်ကို တန်း၍ ရေးသား ထုတ်လုပ်သည်။ ညနေ ၇ နာရီ ၃၀ မိနစ်အထိ ကျန်းဟန်သည် အသံသွင်းစတူဒီယိုမှ ပြန်မလာသေးချေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now