အပိုင်း(၁၄၆)

305 20 0
                                    

အပိုင်း(၁၄၆) လိုက်ခ်(Like)ပေးတိုက်ပွဲ

ဖျော်ဖြေရေးလောကတွင် သီချင်း ၁၆ ပုဒ် ဆက်တိုက် ရှိလာခဲ့သည်။

အချို့သော မီဒီယာကုမ္ပဏီကြီးများနှင့် နာမည်ကြီးအဆိုတော်အချို့မှာ တည်ငြိမ်နေပြီး အခြားတစ်ရက်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

သို့သော် ယခုတွင်တော့ သူတို့သည် လုံးဝ ထိုင်မနေနိုင်ကြတော့ပေ။ ဟန်ယန်တွင် သီချင်းကောင်းများ ရှိမည်ဖြစ်ကြောင်း လူတိုင်းနီးပါး သိရှိကြလေသည်။ အကယ်၍ သူတို့သာ တစ်ပုဒ်လောက်ရခဲ့ပါက ရလဒ်ကောင်းကို ယူဆောင်လာနိုင်ရုံသာမက ကြီးမှားသည့် အာရုံစိုက်မှုနှင့် လူကြိုက်များမှုကို ရရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် အေအဆင့် နာမည်ကြီးအဆိုတော်များသည်လည်း ကျန်းဟန်၏ Weibo တွက် မက်ဆေ့ချ်များ စတင် ချန်ထားကြလေသည်။ သူတို့ ကောမန့်ပို့လိုက်သည်နှင့် ပရိသတ်များက တစ်ယောက်ပြီးတစ်ယောက် လိုက်ခ်ပေးကြသည်။

မတိုင်မီက ရွှယ်ချမ်၏မက်ဆေ့ချ်မှလွဲ၍ အခြားမက်ဆေ့ချ်များအားလုံးမှာ ခဏအတွင်းပင် ဖုံးလွှမ်းခံလိုက်ရသည်။ ထိပ်ဆုံးကောမန့်များမှာ သူတို့၏ လိုက်ခ်အရေအတွက်အတိုင်း အစဉ်လိုက်ရှိကြ၏။ နာမည်ကြီးအဆိုတော်များ၏ကော်မန့်များကို လိုက်ခ်လုပ်သည့်သူ အရေအတွက်မှာ မြန်မြန်ဆန်ဆန်ဖြင့် တက်လာသည်။

သို့သော် ဤသည်က အစသာ ရှိသေးချေသည်။

ဒိတ်ဒိတ်ကြဲ(ဘစိုင်းမဟုတ်) အဆိုတော်တစ်ဦးဖြစ်သည့် လျိုရီဝေသည် လွန်ခဲ့သည့်တစ်နာရီခန့်က ကျန်းဟန်၏ Weibo တွင် မက်ဆေ့ချ်တစ်ခု ပို့ခဲ့သည်။ သူ Weibo ကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် သူ၏ကောမန့်မှာ အဆင့်ခြောက်နေရာတွင် ရှိနေသည်ကို တွေ့လိုက်ရပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောသည်။

"အင်း မဆိုးဘူး။ ဟန်ယန်က ငါ့ရဲ့မက်ဆေ့ချ်ကို သတိထားမိလိမ့်မယ်ထင်တယ်။ ခဏလေး။ ဘာကြီးလဲ။ တာချောင်၊ လုဝေ့စီနဲ့ လော့လော့က ဘယ်လိုလုပ် ငါ့ထက်ကိုပိုပြီး လိုက်ခ်များလာတာလဲ။ လုဝေ့စီနဲ့ လော့လော့တို့ရဲ့ လိုက်ခ်ကို သိပ်မအံ့ဩပေမဲ့ တာချောင်က ဘာလို့ ငါ့ကို ကျောက်တက်သွားတာလဲ။ ဒါကို ငါလုံးဝ ခွင့်မပြုနိုင်ဘူး"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now