အပိုင်း(၁၄၈)

293 20 0
                                    

အပိုင်း(၁၄၉) ကြောက်မက်ဖွယ်ကောင်းသည့် လန်ဖုန်း

"ကောင်းတယ်။ မင်းက တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ။ ငါမင်းကို အခွင့်အရေပေးလိုက်မယ်။ ဒီကိစ္စအောင်မြင်သွားရင် မင်းကို ဆုအကြီးကြီးတစ်ခုပေးရုံတစ်မကဘူး ကင်းမြီးကောက်နဲ့ စားသောက်ဆိုင်ရဲ့ကြားက ပြဿနာလည်း ရှင်းသွားလိမ့်မယ်" ထန်ကျန့်က ပြုံးကာ ပြောသည်။

"ဟုတ်ကဲ့ပါ" ကျောက်ဖုန်း ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

ဤတစ်ကြိမ်သည် အလွန်အန္တရာယ်များကြောင့် သူသိသော်လည်း ဘာကြောင့်မှန်းမသိ စိတ်သက်သာရာရသွားသည်။

အကယ်၍ ဤပစ္စည်းကိစ္စသာ တကယ်ချောချောမွေ့မွေ့ အောင်မြင်သွားပါက ထန်ကျန့်သည် သူပြောသည့်အတိုင်း နောက်တွင် စားသောက်ဆိုင်အား ပြဿနာရှာတော့မည်မဟုတ်ပေ။ သို့သော် ဤမျှ လွယ်လွယ်ကူကူ ပြီးသွားနိုင်ပါသလား။ တကယ်ပဲ ရိုးရှင်းခဲ့လေသလား။ သို့မဟုတ် အခြား ရည်ရွယ်ချက်များ ရှိနေခဲ့ပါသလား။

ကျောက်ဖုန်းမှာ စိတ်သက်သာရာ ရသွားသော်လည်း သူ၏စိတ်ထဲတွင် လေးပင်နေဆဲပင်။ ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်ဟု သူယုံကြည်နေသည်။

ထန်ကျန့်ကဲ့သို့ ကောက်ကျစ်သည့် မြေခွေးအိုကြီးက ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို လက်အောက်ငယ်သားများအား ထုတ်ဖော်ပြောပြပါမည်လား။

သူ၏လူများအားလုံးက သစ္စာရှိလိမ့်မည်ဟု သူတကယ် တွေးထားပါသလား။ မဖြစ်နိုင်ပေ။ ထန်ကျန့်က သတိမမူမိလျှင်ပင် သူ၏ဘေးနားတွင် အလွန်ဉာဏ်များ ထက်မြက်သည့် ဗျူဟာအကြံပေး လန်ဖုန်း ရှိပေသည်။

သို့သော်လည်း ထန်ကျန့်သည် ဤကိစ္စနှင့်ပတ်သက်၍ ရဲရဲဝံ့ဝံ့ ထုတ်ပြောလာသဖြင့် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို သူယုံကြည်မှု ရှိနေသင့်သည်။ နောက်ဆက်တွဲအနေဖြင့် ဘာတွေဖြစ်လာမလဲဆိုသည်ကို မည်သူမှ ခန့်မှန်း၍ မရသည့်အတွက် အနိုင်ရဖို့ ဗျူဟာကျကျ ကစားရသည်က အဓိပ္ပာယ်ရှိပေသည်။

"ကျောက်ဖုန်းအပြင် နောက်ထပ် နှစ်ယောက်လိုသေးတယ်။ ဘယ်သူ စေတနာ့ဝန်ထမ်းလုပ်ချင်လဲ" ထန်ကျန့်က ကျောက်ဖုန်းအား ထိုင်ခိုင်းလိုက်ပြီး လူအုပ်ကို ပြန်၍ အကဲခတ်ကြည့်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now