အပိုင်း(၁၅၂)

330 27 1
                                    

အပိုင်း(၁၅၂) ဇီယန် လှုပ်ရှားပြီး

"အင်း"

ကျန်းဟန် ပြုံးလိုက်၏။ သူမ၏လက်ကို လွှတ်ပေးလိုက်သည့်အချိန်တွင် ကျန်းဟန်သည် မရည်ရွယ်ဘဲနှင့် လက်ကို ညှစ်လိုက်မိရာ ဇီယန်သည် သူ့အား မျက်စောင်းထိုးလိုက်သည်။

"ဟွန့်"

ဇီယန်သည် ဤအချိန်၌ သူမ ဘယ်လောက်ထိချစ်ဖို့ကောင်းနေသလဲဆိုသည်ကို သတိမပြုမိပေ။ သူမသည် ခပ်တိုးတိုးလေး နှာခေါင်းရှုံ့လိုက်ပြီး မကျေမချမ်းလေသံဖြင့် "နေ့လည်ကျရင် ကျွန်မ ပြည်မကို သွားရမယ်။ ရှင် ကျွန်မအတွက် အစားအသောက်လုပ်ပေးဖို့ ပြင်နေတာ ကျွန်မ မတွေ့မိဘူးထင်တာပဲ"

"ငါတို့ အခုပဲ ဒီကိုရောက်တာမဟုတ်ဘူးလား။ ငါတို့ပြန်တဲ့အခါကျရင် ဟင်းချက်စရာတွေ ခူးလာမယ်လေ" ကျန်းဟန် ဘာပြောရမှန်းမသိတော့။

"ဒါပေမဲ့ ရှင်ကျွန်မအကြိုက်ဆုံးဟင်းကို တစ်ခါမှ မချက်ကျွေးဖူးဘူး။ ရှင်လုံးဝကို စိတ်ရင်းအမှန်မပြသေးဘူး" ဇီယန်သည် နှုတ်ခမ်းလေးကို အနည်းငယ်သပ်လိုက်ရာ ဆက်ဆီကျပြီး ချစ်စရာကောင်းသည့်ပုံလေး ဖြစ်သွားစေသည်။

"ဟိုမှာကြည့်လိုက်" ကျန်းဟန်သည် စိုက်ပျိုးရေးဧရိယာကို လက်ညှိုးထိုးပြရင်း "ပြီးခဲ့တဲ့ရက်က အဲ့မှာ ဟင်းနုနယ်၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မှိုနဲ့ တခြားဟင်းသီးဟင်းရွက်နည်းနည်း စိုက်ခဲ့တယ်"

"အိုး" ဇီယန်သည် မှင်တက်သွားပြီး ခေါင်းကို အသာအယာငြိမ့်လိုက်သည်။

"မင်း အလုပ်ကိစ္စခရီးက ပြန်လာတဲ့အခါကျရင် ဟော့ပေါ့လုပ်စားလို့ရပြီ။ ဟိုနားက သိုးတွေက အူဂျီကင်သိုးတွေ။ သူတို့က ဟော့ပေါ့လုပ်ဖို့အတွက် အကောင်းဆုံး အသားပဲ" ကျန်းဟန်က ပေါ့ပေါ့ပါးပါး ပြောသည်။

တိရိစ္ဆာန်များကို ဝယ်ယူလာခဲ့ပြီးနောက် လဆန်းတောင်တွင် မွေးမြူထားသည့် အချိန်မှာ အတန်သင့်ကြာခဲ့ပြီဖြစ်သည်။ ဤနည်းဖြင့်သာ အကောင်းဆုံးအရည်အသွေးရှိသည့်အသားကို ရနိုင်မည်ဖြစ်သည်။ ထို့ပြင် လဆန်းတောင်သည် ရတနာနယ်မြေမဟုတ်သေးသည့်အတွက် ၎င်းတို့၏အသားအရည်အသွေး တိုးမြှင့်ရန် အချိန်လိုပေသည်။ သို့သော် ဒုတိယအကြိမ် အသွင်ပြောင်းခြင်းဖြစ်စဉ်ပြီးနောက်တွင် တစ်ရက် နှစ်ရက်ခန့်သာ အချိန်ယူရပေမည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now