အပိုင်း 127 ငါနဲ့နေမလား သူနဲ့နေမလား

540 63 0
                                    

အပိုင်း 127 ငါနဲ့နေမလား သူနဲ့နေမလား

တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲကိုဝင်ပြီး သူမျက်လုံးတွေပြန်မဖွင့်နိုင်သေးခင်မှာပဲ အားကောင်းတဲ့လေပြင်းတွေတိုက်ခတ်နေပြီး ပြင်းထန်တဲ့ညှီစို့စို့အနံ့ကြီးတွေ ရနေခဲ့ပါတယ်။

လေပြင်းထဲမှာ ညှီးစို့စို့အနံ့အပြင် တစ်ခုခုပုပ်နေသလိုဆိုးရွားတဲ့အနံ့အသက်တွေက ရောနှောပါနေပြီး လူတွေကို မကောင်းမွန်တဲ့ခံစားချက်ကိုရစေတယ်။

အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်မှာ ဖြစ်ပေါ်လာပြီး ဧရာမနဂါးကြီးတစ်ကောင်ဆင်းသက်လာသလို လျှပ်တပျက်အချိန်ခဏလေးအတွင်းမှာ ဖြစ်ပေါ်လာတဲ့အသံတွေက နားစည်ကွဲထွက်တော့မလို ခံစားရစေတယ်။

"ဟူးလားလား"
ကောင်းကင်ပေါ်က တစ်စက်တစ်စက်ကျဆင်းနေတဲ့ မိုးရေစက်တွေက သူ့တို့အပေါ်ကျဆင်းလာပြီး သူတို့ကိုသက်တောင့်သက်သာမရှိအောင် လုပ်နေပြန်တယ်။

ချူးယွန် မျက်လုံးတွေကို ဖြေးညှင်းစွာဖွင့်လိုက်တော့ သူက အမှောင်ကမ္ဘာထဲကိုရောက်နေပြီး ကောင်းကင်ပေါ်မှာတော့ ကြီးမားတဲ့လပြည့်ဝင်းကြီးက ထိန်ထိန်သာနေပါတယ်။

မိုးကြိုးတွေ၊ မိုးရေစက်တွေနဲ့အတူ ပုပ်အဲ့အဲ့အနံ့တွေက စုပေါင်းပြီး သူတို့ရှေ့မှာ ထူးခြားတဲ့မြင်ကွင်းတစ်ခုကို မြင်ရစေတယ်။

သူတို့အခု‌ခြေချထားကြတာက အတော်တန်ရှားပါးတဲ့ကုန်းမြေတစ်ခုပေါ်မှာပါ။သူတို့ရှေ့တစ်မျှော်တစ်ခေါ်မှာတော့ ရွှံ့ဗွက်အိုင်တွေကပဲ နေရာယူထားခဲ့တယ်။

"ဒါက မိုးကြိုးရွှံ့နယ်မြေပေါ့"

"ငါ ဒီကို မလာခင်က ဒီရွှံ့တွေထဲမှာ မရေတွက်နိုင်အောင်များပြားတဲ့ နတ်ဆိုးသားရဲတွေရှိနေတယ်လို့ စီနီယာတွေဆီကနေကြားခဲ့ဖူးတယ်။ဒီရွှံ့ဗွက်တွေကိုဖြတ်သွားကြရင် နဲနဲလေးမှနှောင့်နှေးလို့မရဘူး၊ တတ်နိုင်သမျှမြန်မြန်သွားကြရမယ်၊ ဒီသုံးစက္ကန့်တောင်နေလို့မဖြစ်ဘူး"

"အဲ... အကြီးအကဲဟူးအိုဘယ်မလဲဟ"

"အေးကွ၊ အကြီးအကဲဟူးအိုက ငါတို့အရင် ဝင်လာတာမဟုတ်ဘူးလား"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁ Uni&Zaw  ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၁Where stories live. Discover now