အပိုင်း(၁၅၅)

316 28 0
                                    

အပိုင်း(၁၅၅)အနိုင်ယူခံလိုက်ရသည့် တင်ဆက်သူမိန်းကလေး

"အခန်းအပြင်အဆင်က တော်တော်လေး လှပါတယ်။ မိသားစုစတိုင်စားသောက်ဆိုင်တွေက ထူးခြားပေမယ့် ရလဒ်အနေနဲ့ကတော့ ဧည့်သည်အများအပြားကို ဝန်ဆောင်မှုပေးဖို့မဖြစ်နိုင်ဘူး"

တင်ဆက်သူမိန်းကလေးသည် စကားတပြောပြောဖြင့် ကျန်းဟန် ကြက်ဥထမင်းကြော်နှင့် ခေါက်ဆွဲပြုတ်ပြုလုပ်နေရာ မီးဖိုချောင်သို့ လျှောက်သွားသည်။

"နေကောင်းလား မစ္စတာကျန်း" မိန်းကလေးသည် ရယ်ရယ်မောမောဖြင့် နှုတ်ဆက်သည်။

"အင်း" ကျန်းဟန်က ခေါင်းလှည့်ကာ သူမအား ကြည့်လိုက်ပြီး အသာအယာခေါင်းညိတ်ပြသည်။

"ကျွန်မက "ကမ္ဘာတစ်လွှားအရသာရှိသောအစားအသောက်များ" အစီအစည်ရဲ့ တင်ဆက်သူ ဝေဝေပါ။ လူကြီးမင်းရဲ့ဆိုင်က အရမ်းနာမည်ကြီးပြီး ကောင်းမွန်တဲ့ရီဗျူးတွေ အများကြီးရထားတယ်လို့ ကြားသိရပါတယ်။ အင်တာဗျူးဖို့အတွက် အချိန်ခဏလောက် ပေးလို့ရမလားရှင့်" တင်ဆက်သူမိန်းကလေး ပြုံးကာ ပြောသည်။

ထိုစကားကိုကြားသည့်အခါ ကျန်းဟန်သည် ဆက်၍ချက်ပြုတ်ရန် နောက်ပြန်လှည့်သွားပြီး သူမအား မထူးမခြားနားလေသံဖြင့် စကားလုံးအချို့ပြန်ပြောလိုက်၏။

"ငါ့မှာ အချိန်မရှိဘူး"

"အမ်" တင်ဆက်သူမိန်းကလေးနှင့် ဝန်ထမ်းများမှာ ရှော့ရသွားကြသည်။ ခဏအကြာတွင် သူမသည် အနည်းငယ် တောင့်တင်းနေသည့်မျက်နှာဖြင့် "လူကြီးမင်း ကျွန်မတို့ရဲ့အစီအစဉ်က Rating အရမ်းမြင့်မားပြီး အင်တာဗျူလုပ်လိုက်ရင် လူကြီးမင်းအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ကျွန်မထင်တာ လူကြီးမင်း..."

တကယ်တမ်းတွင် တင်ဆက်သူမိန်းကလေးသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်။ သူတို့၏အစီအစဉ်သည် အနည်းဆုံးတော့ တရားဝင်ယဉ်ကျေးမှုအစီအစဉ်တစ်ခုဖြစ်ပြီး တီဗီနှင့် အင်တာနက်တွင် Rating အလွန်မြင့်မားသည်။ သူတို့သွားသည့်နေရာတိုင်းတွင် စားသောက်ဆိုင်ဝန်ထမ်းများက မျက်နှာချိုသွေးကြသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now