အပိုင်း(၁၅၇)

301 25 0
                                    

အပိုင်း(၁၅၇) ဖွင့်ထုတ်ခြင်း

ထိုစကားကို ကြားပြီးနောက် အားဟူ၏မျက်နှာမှာ အလွန်အမင်းပြောင်းလဲသွားကာ ဘေးမှ ပန်းအိုးကို အမှတ်တမဲ့ဖြင့် တိုက်မိသွားသည်။

ခလွမ်...

ပန်အိုးမှာ ကြမ်းပြင်ပေါ် ကျကွဲသွား၏။

အိုး...သေစမ်း...

အားဟူမှာ ထိတ်လန့်သွားပြီး မျက်လုံးပြူးသွား၏။

"ဘယ်သူလဲ"

လန်ဖုန်းသည် လူအချို့အား ထွက်၍စစ်ဆေးကြည့်ရန် အချက်ပြလိုက်ရင်း မေးသည်။

ထိုအချိန်တွင် အားဟူ၏ခန္ဓာကိုယ်လုံး တောင့်တင်းထုံကျင်သွားသည်။ လှေကားမှာ သူနှင့် မီတာ ၂၀ အကွာတွင်ရှိနေပြီး ပြေးသွားရန်မှာ နောက်ကျနေပြီဖြစ်သည်။ ထို့ပြင် အထဲမှ လူများ သူ့အား တွေ့သွားခဲ့ပါက သူ၏အသက် ဆုံးရှုံးသွားနိုင်သည်။

အားဟူသည် တံခါးအား ဖြည်းဖြည်းချင်းဆွဲဟလိုက်ကာ အထဲမှလူများကို ကြည့်လိုက်သည်။ သူတို့ ထွက်လာတော့မည်ကို တွေ့သည့်အခါ အားဟူမှာ အသက်ရှုကြပ်လာ၏။

ဤကဲ့သို့ သေရေးရှင်ရေးအချိန်လေးမှာပင် ရုတ်တရက် လက်ဖဝါးတစ်ခုက သူ၏နောက်ကျောအား ဖိကပ်လာပြီး ရုံးခန်းတံခါးဆီသို့ တွန်းပို့လိုက်သည်။

အားဟူသည် နောက်လှည့်ကြည့်လိုက်ရာ သူရှာနေသည့် ဂူချန်းကို တွေ့လိုက်ရသည်။

"မင်း အဲဒီမှာ ဘာလုပ်နေတာလဲ" လန်ဖုန်းက တံခါးဆီသို့ မျက်မှောင်ကြုတ်၍ ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် သခင်ကြီးထန်ကို သတင်းပို့စရာရှိလို့ပါ" ဂူချန်းက ခေါင်းညိတ်ကာ အသံဩဩဖြင့် ပြန်ဖြေသည်။

သူ၏စကားကြောင့် အားဟူ၏ထိတ်လန့်မှုမှာ အနည်းငယ် သက်သာရာသွားစေခဲ့၏။

ရုံးခန်းထဲသို့ ဝင်လာသည့်အခါ ဂူချန်းက ထန်ကျန်းဟန် ခေါင်းညိတ်ပြသည်။

ထန်ကျန့်သည် အားဟူအား ပြုံး၍ ကြည့်လိုက်ရာ အားဟူ၏နှလုံးခုန်သံများ ဗြောင်းဆန်သွားစေသည်။

"သခင်ကြီးထန် အားဟူက အခုပဲ နင်ရွှမ်၊ ဇီလုံနဲ့ ကျောက်ဖုန်းတို့ ရဲစခန်းမှာ အဖမ်းခံထားရကြောင်း သတင်းလာပို့တယ်။ ဒုန်တျန်းဖန်းရဲ့ လူတစ်ချို့လည်း ရှိသေးတယ်။ ပြီးတော့..." ဂူချန်းက လန်ဖုန်းအား ကြည့်ကာ ဖြည်းဖြည်းချင်းပြောသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now