အပိုင်း(၁၅၈)

296 24 0
                                    

အပိုင်း(၁၅၈) တိုက်ခိုက်မှုခုနှစ်ခုမရီဒျန်ဖွင့်ခြင်း

ကျောက်ဖုန်းအတွက် ထိုစားသောက်ဆိုင်သည် ဤနှစ်များအတွင်း၌ သူ၏နှလုံးသားမှ အနူးညံ့ဆုံးအပိုင်းကို ထိမိစေသည့် တစ်ခုတည်းသော နေရာဖြစ်သည်။

တကယ်တမ်းတွင် သူ့အား ပထမဆုံးစွဲဆောင်ခဲ့သည်က ကျန်းဟန်၏ သန်မာသည့် ခွန်အားပင်။

ကျောက်ဖုန်း မှတ်မိလေသည်။ သူတို့၏ပထထမဆုံးအကြိမ်တွေ့ဆုံမှုသည် ကာကွယ်ကြေးကောက်ခံရန် စားသောက်ဆိုင်သို့ သူသွားခဲ့သည့် အချိန်ကဖြစ်သည်။ သူသည် သူဌေး၏မျက်လုံးများထဲမှ ပြင်းထန်သည့် ဖိအားကို ခံစားခဲ့ရ၏။

အလွန်သိချင်စိတ်ပြင်းပြသည့်အတွင် ကျောက်ဖုန်း စားသောက်ဆိုင်သို့ နောက်တစ်ကြိမ်ပြန်သွားခဲ့သည်။ တစ်ကြိမ်စားကြည့်ပြီးနောက်တွင် သူသည် ထိုဆိုင်မှ အရသာအား လုံးဝ နှစ်ခြိုက်သွားသည်။

အရသာရှိသည့်အစားအသောက်များက သူ၏အစာအိမ်အား အနိုင်ယူသွားခဲ့သည်။

မုန့်မုန့်၏အပြုံး၊ ကျန်းဟန်နှင့်မုန့်မုန့်တို့အကြားရှိ နက်ရှိုင်းသည့် သားအဖသံယောဇဉ်၊ အထူးသဖြင့် လျန်မုန့်ချီ ၊ အားလုံးသည် ကျောက်ဖုန်းအား စွဲဆောင်နေခဲ့သည်။

တဖြည်းဖြည်းနှင့် စားသောက်ဆိုင်သည် ကျောက်ဖုန်း၏နှလုံးသားထဲတွင် ပို၍ပို၍ အရေးပါလာခဲ့ပြီး သူကာကွယ်ပေးချင်သည့် နေရာဖြစ်လာခဲ့သည်။

ယခု ထန်ကျန့်က စားသောက်ဆိုင်အား ဖျက်စီးရန် ခိုင်းလိုက်ကြောင်း ကြားသည့်အချိန်တွင် ကျောက်ဖုန်း၏ပထမဆုံး တုံ့ပြန်မှုမှာ ထန်ကျန့် ဘာမှမလုပ်ရသေးမီ သူဌေးနှင့် မုန့်မုန့်အား သွားခေါ်ရန်ဖြစ်သည်။

တာဝန်နှင့်ပတ်သက်၍ကရော...

တာဝန်ကို သူလုံးဝ မေ့ထားခဲ့သည်။ သူ၏အထောက်အထားမှာ ပေါ်သွားပြီဖြစ်ပြီး တာဝန်ကို မပြောနှင့် လျှို့ဝှက်ထောက်လှမ်းရေးပင် မလုပ်နိုင်တော့ချေ။

လမ်းတစ်လျှောက်တွင် ကျောက်ဖုန်းသည် မီးနီမည်မျှကို သူဖြတ်မောင်းလာခဲ့မှန်းမသိတော့။ အခြားကားများကိုလည်း အကြိမ်အနည်းငယ် တိုက်မိတော့မလိုဖြစ်ခဲ့သည်။ သို့သော် ကျောက်ဖုန်း ဂရုမစိုက်။ သူသည် စားဆောက်ဆိုင်သို့ ရူးသွပ်စွာဖြင့် မောင်းနှင်နေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now