အပိုင်း(၁၆၀)

337 28 0
                                    

အပိုင်း(၁၆၀) ငါ့အတွက်ထန်ကျန့်ကို သတ်ပေးပါ

ကပ္ပတိန်၏မျက်လုံးများမှာ အေးစက်သွားပြီး တည်ငြိမ်စွာဖြင့် လျှောက်လာနေသော ရင်းနီးသလိုရှိသည့် အသက်ငါးဆယ်အရွယ်လူကြီးကို လှည့်ကြည့်လိုက်သည်။

အဲ့ဒါက ဘယ်သူလဲ...

ကပ္ပတိန်မှာ ပဟေဠိဖြစ်သွားသည်။ သူသည် ရင်းနီးသလို ခံစားနေရသော်လည်း အရင်ဆုံး စကားစမပြောချေ။

ထန်ကျန့်မှာ ဒေါသထွက်နေသော်လည်း တည်ငြိမ်သည့်အမူအရာကို ထိန်းထားသည်။

သူသည် အနီးနားတွင် ခဏကြာအောင် စောင့်ကြည့်နေခဲ့သည်။ ပထမတွင် စားသောက်ဆိုင်၏အခြေအနေနှင့် တံခါးမှ သွေးစများကို မြင်သည့်အခါ ထိတ်လန့်သွားခဲ့သည်။ ဂဃနဏသိရှိနိုင်ရန် ယခင်က သူ၏လက်အောက်ငယ်သားများကို ခေါ်ဆိုမေးမြန်းခဲ့၏။

ကျောက်ဖုန်း၏အခြေအနေရှိသော်ငြားလည်း မည်သည့်ဘက်ကြည့်ကြည့် စားသောက်ဆိုင်မှာ နစ်နာသူသာဖြစ်လေသည်။ ကံကောင်းစွာဖြင့်ပင် သူဌေးနှင့် မုန့်မုန့်တို့ မည်သည့်ထိခိုက်မှုမျှ မရှိသည့်အတွက် ဝမ်ချမ်း စိတ်သက်သာရာ ရသွားခဲ့၏။ သူပြန်ခါနီးအချိန်လေးမှာပင် ကျန်းလီ ကားမောင်းဝင်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် သူဌေး၏ညီမဖြစ်ကြောင်း သူ ကောင်းစွာသိရှိ၏။

ထိုနောက်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကို တွေ့လိုက်ရသည့်အခါ ရုတ်တရက် သူ၏စိတ်ထဲတွင် ဒေါသထွက်လာသည်။ သူသည် ကပ္ပတိန်ထံသို့ အမြန်လျှောက်သွားပြီး မျက်မှောင်ကြုတ်ကာ အထက်စီးဆန်သည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။

"မင်းဓာတ်ပုံရိုက်နေတာ ဆယ်မိနစ်ရှိပြီမဟုတ်ဘူးလား။ ဒီမှာ ဘာလုပ်နေသေးတာလဲ။ လူသတ်သမားကို ရှာဖို့ မလုပ်ဘူးလား။ မင်းက ဒီမှာ ဟန်ရေးပြနေပြီး စားသောက်ဆိုင်ကို ရှင်းလင်းဖို့ ကျန့်ကြာအောင်လုပ်ရုံတင်မကဘူး သူမကိုတောင် ဖမ်းချင်နေတယ်။ မင်းလုပ်တာ ကျိုးကြောင်းဆီလျော်တယ်လို့ ဘယ်လိုတောင် ထင်ရဲတာလဲ"

"ခင်ဗျားက ဘယ်သူလဲ"

ကပ္ပတိန်သည် သူ၏ရှေ့မှလူအား ထူးခြားပြီး ဖိအားပေးနိုင်သည်ဟု ခံစားနေရသည်။ သို့သော် ပတ်ဝန်းကျင်မှလူများက သူ့အား ဝိုင်းကြည့်နေကြသည်ဟု ခံစားမိသဖြင့် မေးလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now