အပိုင်း(၁၆၁)

287 25 0
                                    

အပိုင်း(၁၆၁) ကျောက်ဖုန်းအရိုက်ခံရခြင်း

"ဘာ"

ကျောက်ဖုန်း၏အမူအရာမှာ တုန်ခါသွားပြီး

"ဒါက...ကျွန်တော်ဘယ်လိုလုပ် သူ့ကို သတ်နိုင်မှာလဲ။ ကျွန်တော် မလုပ်နိုင်ဘူး။ သူဌေး ကိုယ်တိုင်သွားမယ်ဆိုရင်တော် သူ့ရဲ့စံအိမ်ထဲကို ဝင်နိုင်မှာမဟုတ်ဘူး။ အဲဒီမှာ ရေနက်လုံခြုံရေးကုမ္ပဏီက လုံခြုံရေးဒါဇင်ကျော်ရှိတယ်"

"လုံခြုံရေးနည်းနည်းလောက်ပဲ မဟုတ်ဘူးလား"

ကျန်းဟန်မှာ ရယ်မောလိုက်ပြီး

"ပြီးတော့ ငါကိုယ်တိုင်သွားဖို့ မရှိပါဘူး"

"ဒါဆို ကျွန်တော်တစ်ယောက်တည်း သူ့ကို မသတ်နိုင်ဘူး"

ကျောက်ဖုန်းမှာ သက်ပြင်းချကာ ဆက်ပြောသည်။

"ကျွန်တော်လည်း သူ့ကို တရားဥပဒေအတိုင်း အပြစ်ပေးချင်ပေမယ့် သူ့ရဲ့ အကာအကွယ်တွေက မယုံနိုင်စရာကောင်းလွန်းနေတယ်"

"ငါ မင်းကို တစ်ယောက်တည်းသွားဖို့ မပြောပါဘူး"

ကျန်းဟန်မှာ ခေါင်းကို အသာအယာယမ်းလိုက်သည်။

"ဒါဆို ဘယ်သူနဲ့သွားရမှာလဲ"

ကျောက်ဖုန်း၏အမူအရာမှာ ရုတ်တရက် နစ်မြောသွားပြီး တစ်စုံတစ်ခုကို သတိရသွားသည်။ သူ၏မျက်နှာမှာ ရုတ်တရက် လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်

"ဆရာ့မှာ နောက်ထပ်တပည့်တွေရှိသေးတာလား။ ကျွန်တော့်မှာ စီနီယာအစ်ကို အစ်မတွေ အများကြီးရှိလား။ ကျွန်တော် သူတို့နဲ့အတူသွားပြီး ထန်ကျန့်ရဲ့စံအိမ်ကို တိုက်ရမှာပေါ့"

"မဟုတ်ဘူး..."

စိတ်လှုပ်ရှားနေသည့် ကျောက်ဖုန်းအားကြည့်ရင်း ကျန်းဟန်မှာ ပြောစရာစကား ပျောက်ရှနေသည်။

ကျောက်ဖုန်းက အေးစက်စက်နဲ့ တသီးတသန့်နေတတ်တဲ့သူမဟုတ်ဘူးလား။ အခုကျ ဘာလို့ သူက ရူးကြောင်ကြောင်လူငယ်လေးတစ်ယောက်လို ဖြစ်နေရတာလဲ။

ကျန်းဟန်မှာ ရယ်မောကာဖြင့်

"လက်ရှိ ငါ့မှာ တပည့် မင်းတစ်ယောက်တည်းပဲရှိတယ်။ ပြီးတော့ အခုတစ်ကြိမ် မင်းနဲ့အတူသွားမယ့်သူ သူပဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now