အပိုင်း(၁၆၂)

293 25 0
                                    

အပိုင်း(၁၆၂) ရုပ်ပြောင်းရုပ်လွဲကြေးဒင်္ဂါး

ငါးမိနစ်ကြာပြီးနောက်တွင် ကျန်းဟန်၏စိတ်ဝိဉာဉ်စွမ်းအားကို ကြားခံနယ်အဖြစ်သုံး၍ တာဟေးသည် ရုပ်ပြောင်းကြေးဒင်္ဂါးကို တဖြည်းဖြည်းသန့်စင်ခဲ့၏။

"ရုပ်ပြောင်းကြေးဒင်္ဂါးနဲ့ဆက်သွယ်ဖို့ မင်းရဲ့အသိစိတ်ကို အသုံးပြုကြည့်"

ကျန်းဟန်သည် တာဟေး၏ခေါင်းအား ပုတ်ကာ ပြောလိုက်သည်။

"ဝူး ဝူး..."

တာဟေးသည် သူ၏အရေပြားကို ထိုးဖောက်မှုကြောင့် နာကျင်မှုအနည်းငယ်ခံစားလိုက်ရသဖြင့် သခင်အား အနည်းငယ် စိတ်ကောက်နေသေးသည်။

သို့သော် သခင်၏စကားကို ကြားသည့်အခါ တာဟေးသည် ကြေးနီဒင်္ဂါးကို စိုက်ကြည့်နေ၏။

"ဝူး..."

ခဏအကြာတွင်ပင် တာဟေးသည် ဘာမှ မခံစားမိသဖြင့် အပြစ်ကင်စင်သည့်မျက်နှာလေးဖြင့် ခေါင်းကုတ်လိုက်သည်။

"ဒင်္ဂါးပြားကို သေချာအာရုံခံစားဖို့ မင်းရဲ့အသိစိတ်ကို သုံး"

ကျန်းဟန်က ထောက်ပြပေးသည်။

"ဝူး..."

တာဟေးသည် အလွန်ပင် လိမ္မာလှပြီး ဆက်၍ ကြိုးစားကြည့်သည်။ သူ၏မျက်လုံးကြီးများက ကြေးဒင်္ဂါားကို မမှိတ်မသုန်စိုက်ကြည့်နေ၏။ သုံးမိနစ်ခန့်အကြာတွင် သူ၏မျက်လုံးများမှာ ရုတ်တရက် တောက်ပလာပြီး ကျန်းဟန်အား ကြည့်လိုက်သည်။

"ဝူး ဝူး ဝူး...ဟမ်ဟမ်..."

သူသည် ကြေးဒင်္ဂါား၏တည်ရှိမှုကို ခံစားရကြောင်း ပြောပြနေသည်။

"ဒင်္ဂါးနဲ့ ဆက်သွယ်ဖို့အတွက် မင်းရဲ့အသိစိတ်ကို သုံးပြီးတော့ ကိုယ့်ကိုယ်ကိုယ် လူသားတစ်ယောက်အဖြစ် စိတ်ကူးပုံဖော်ကြည့်မယ်ဆိုရင် မင်းအသွင်ပြောင်းနိုင်တယ်။ ဒင်္ဂါးနဲ့ပြန်ဆက်သွယ်ပြီးတော့ အသွင်ပြောင်းတာကို ဖယ်ရှားပြီး မူလပုံစံပြန်ပြောင်းနိုင်တယ်"

ကျန်းဟန်က တာဟေးအား ရှင်းပြသည်။

"ဝူး..."

တာဟေးမှာ ခေါင်းကုတ်လျက် အပြင်းအထန်ကြိုးစားကြည့်နေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now