အပိုင်း(၁၆၃)

348 31 0
                                    

အပိုင်း(၁၆၃) အလုပ်များနေသည့် စံအိမ်

"ရှင်းလင်းရေးလုပ်တာ အရမ်းကို အောင်မြင်တယ်။ သစ္စာဖောက်တစ်ဒါဇင်ကျော် ရှင်းပစ်နိုင်ခဲ့တယ်။ တခြားဂိုဏ်းတွေနဲ့ ရဲတွေတော့ အလုပ်ရှုပ်နေလောက်ပြီ။ ဟားဟား..." ထိပ်ပြောင်ပြောင်လူက ရယ်မောလိုက်၏။

"ဒါက ငါတို့လိုချင်တာနဲ့ ကွက်တိပဲ" လန်ဖုန်းက ခပ်ရေးရေးပြုံးကာ ပြောသည်။

"ခုလို ဖရိုမရဲဖြစ်နေတဲ့အချိန်မှာ ပစ္စည်းတွေကို မြန်မြန် ကိုင်တွယ်သင့်တယ်"

"အင်း..." ထန်ကျန့်မှာ ခေါင်းညိတ်ကာ တစ်စုံတစ်ရာပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် အပြင်မှ လူတစ်ယောက် ကမန်းကတမ်းပြေးဝင်လာသည်။ သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ပျာယာခတ်နေ၏။

"မင်းဘာလို့ ဂဏာမငြိမ်ဖြစ်နေတာလဲ" အသက်လေးဆယ်ကျောက်အရွယ်လူတစ်ယောက်က မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းသည်။

ပြေးဝင်လာသည့်သူမှာ သူ၏လက်အောက်မှဖြစ်သည်။ သူ၏လူများက အလွန်စိတ်မရှည်ကြသည့်အတွက် သူ မကျေမနပ်ဖြစ်သွား၏။

သို့သော် ထိုလူသည် သူ၏အစ်ကိုကြီးအား လျစ်လျူရှုကာ ထန်ကျန့်အားတိုက်ရိုက်ကြည့်၍ ကမန်းကတမ်းပြောသည်။

"သခင်ကြီးထန် တစ်ခုခုဖြစ်နေပြီ"

"ဘာဖြစ်တာလဲ" ထန်ကျန့်၏မျက်ခုံးများမှာ အနည်းငယ် တွန့်သွား၏။

"ကျောက်ဖုန်း လုံးဝ မသေသေးဘူး"

"ဘာ"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

ထိုလူပြောလိုက်သည်နှင့် လူတိုင်းအံ့အားသင့်သွားကြပြီး လူအချို့က မတ်တပ်ပင်ထရပ်ကာ မယုံကြည်နိုင်သည့်အကြည့်ဖြင့် ဝိုင်း၍ ကြည့်နေကြသည်။

"မဖြစ်နိုင်ဘူး သခင်ကြီးထန်။ သူ သေနတ်နဲ့ တရပ်စပ်အပစ်ခံရပြီး သွေးအိုင်ထဲမှာလဲနေတာကို ကျွန်တော်မြင်ခဲ့တယ်။ အချက်ပေါင်းများစွာ အပစ်ခံထားရတာ သူသေချာပေါက် သေမှာပဲ" ထိပ်ပြောင်ပြောင်လူက အသံဩကြီးဖြင့် ပြောသည်။

"ဘာတွေဖြစ်နေတာလဲ။ သေချာရှင်းအောင်ပြောစမ်းပါ"

လန်ဖုန်းက မတ်တပ်ထရပ်လိုက်၏။ သူ၏မျက်နှာမှာ အေးစက်စက်အသွင်ကို ပထမဆုံးအကြိမ်ပြောင်းလဲသွားသည်။ မျက်ခုံးများကို တွန့်ကာ မျက်လုံးများက အနည်းငယ် မယုံနိုင်သည့်ဟန်ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ဤသည်က ထောင်ချောက်ဟုတ်မဟုတ် တွေးနေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now