အပိုင်း(၁၆၄)

272 22 0
                                    

အပိုင်း(၁၆၄) ကြမ်းကြုတ်သည့်တာဟေး

ကျောက်ဖုန်း၏မျက်စိအောက်တွင် တာဟေးသည် လမ်းတစ်လျှောက်တွင် ကွေ့ဝိုက်မနေဘဲ ထန်ကျန့်၏အိမ်တံခါးဆီသို့ တည့်တည့်လျှောက်သွားလေသည်၎

"ဟေ့ကောင် တာဟေး...မင်း...."

ကျောက်ဖုန်းမှာ စိုးရိမ်နေသည့်ဟန်ဖြင့် လှမ်း၍ သတိပေးသည် သို့သော် တာဟေးသည် ကျောက်ဖုန်းအား အထင်သေးဟန် တစ်ချက်ကြည့်လိုက်၏။

တာဟေး၏ဆိုလိုရင်းမှာ "မင်းဘာကြောက်နေတာလဲ။ ငါ့နောက်က လိုက်ခဲ့စမ်းပါ" ဟူ၍ပင်။

ထိုမြင်ကွင်းက ကျောက်ဖုန်းကိုသာမက အခြား စောင့်ကြည့်နေကြသည့် လူဒါဇင်ချီကိုပင် ထိတ်လန့်သွားစေခဲ့သည်။

ပထမတွင် ကျောက်ဖုန်းနှင့် အခြားသူများ ကားပေါ်မှ ဆင်းလာသည့်အချိန်တွင် လူတိုင်း အံ့ဩသွားခဲ့ကြသည်။

"စောက်ကျိုးနည်း။ ဘီလူးတစ်ကောင်က ဘယ်လိုရောက်လာတာလဲ"

"သူက ဘယ်လိုတောင် ကြီးလိုက်တဲ့လူကြီးလဲဟ"

"ငါ့လခွီး၊ သူ့ရဲ့ တင်းထွက်နေတဲ့ ကြွက်သားကြီးတွေလည်း ကြည့်စမ်းပါဦး၊ အံ့ဩစရာပဲ။ သူ့ရဲ့ခွန်အားက သေချာပေါက် အားကြီးရမယ်"

"အဲ့ဒီလူအကြီးကြီးကိုပဲ အာရုံစိုက်မနေနဲ့။ သူ့ဘေးက ခွေးကိုလည်း ကြည့်ကြဦး"

လူအချို့က သတိပေးလိုက်သည့်ခါ လူတိုင်း တစ်ဖက်ရှိ ရှောင်ဟေးအား ကြည့်လိုက်ကြပြီး အာမေဋိတ်သံများ ထွက်ပေါ်လာ၏။

"ခွေးက ဘာလို့ အဲ့လောက်တောင်ကြီးနေရတာလဲဟ"

"ကျောက်ဖုန်းက ဘာလို့ ခွေးကို ခေါ်လာတာလဲ"

"အဲ့ဒါ LifeAfter လား။ သူက ဂိမ်းဆော့နေတယ်လို့ ထင်နေတာလား"

နောက်အခိုက်အတန့်တွင် လူသန်ကြီးက စံအိမ်တံခါးရှိရာသို့ တည့်တည့်လျှောက်သွားသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်း အသက်ရှူရပ်တန့်သွားကြသည်။

"သူဘာလုပ်ချင်နေတာလဲ"

"သူက တစ်ခါတည်း တန်းပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now