အပိုင်း(၁၆၅)

262 24 0
                                    

အပိုင်း(၁၆၅) ကြောက်မက်ဖွယ်ရာ နှိပ်စက်ခြင်း

သေနတ်ဖြင့် ပစ်ခတ်သည်ကို မြင်သည့်အခါ ပတ်ဝန်းကျင်မှ ကြည့်ရှုနေသည့်လူများ မျက်နှာအနည်းငယ် ပြောင်းလဲသွားကြသည်။

လုံခြုံရေးများ၏သေနတ်အောက်တွင် အလွန်သန်မာလှသည့် လူသန်ကြီး နေရာတွင်ပင် သေဆုံးသွားမည်ကို တွေးဆနိုင်သည်။

ကျောက်ဖုန်းနှင့် လူသန်ကြီးတို့မှာ စံအိမ်ရှေ့မှ လူများအား တိုက်ခိုက်ဝင်ရောက်လာသည်။ အကယ်၍ သူတို့ လုံခြုံရေးများ၏ အသတ်ခံလိုက်ရပါက လုံခြုံရေးများတွင် တာဝန်မရှိချေ။ ဤအခြေအနေတွင် လုံခြုံရေးများအား အကြင်နာကင်းမဲ့သည်ဟု ယူဆ၍ ရသည်။

"သနားစရာပဲ"

ယဲ့ဟန်၊ ရှားရှန်ဟောင်၊ ဒုန်တျန်းဖန်းနှင့် စခရင်မှကြည့်ရှုနေသူများအပါအဝင် နေရာတွင် ကြည့်ရှုနေကြသည့် လူဒါဇင်ပေါင်းများစွာမှာလည်း သက်ပြင်းချလိုက်ကြ၏။

သက်ပြင်းချရင်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

"သူက စက္ကန့်ပိုင်းလေးပဲ ကောင်းစားလိုက်တယ်" ဟူသည့် စကားလုံးများက သူတို့၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

ထိုသနားစရာလူသန်ကြီးသည် ယခုလေးတင် ထူးကဲသည့်ခွန်အားကို ပြသခဲ့သော်လည်း မိနစ်အနည်းငယ်အတွင်းမှာပင် ကြုံရာသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

သူတို့၏စိတ်ထဲ၌ နောက်အခိုက်အတန့်တွင် လူသန်ကြီးမှာ သွေးအိုင်ထဲ လဲကျနေမည်ဟု ယူဆထားပြီးဖြစ်သည်။

သို့သော်...

"ငါ ဘာကြီးမြင်လိုက်ရတာလဲ"

"သူ...သူ..ဘာဖြစ်သွားတာလဲ"

ကျယ်လောင်သည့် သေနတ်သံများအောက်တွင် လူသန်ကြီးမှာ လဲကျမသွားသည့်အတွက် လူတိုင်း အံ့ဩသွားကြသည်။ လဲကျမသွားရုံသာမက လုံခြုံရေးများဆီသို့ပင် ပြေးတက်သွားသည်။

လူတိုင်း နောက်တစ်ကြိမ် အံ့ဩခဲ့ကြရပြန်သည်။ လူသန်ကြီးမှာ သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားသလားဟု တွေးမိကြ၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now