အပိုင်း(၁၆၆)

255 21 0
                                    

အပိုင်း(၁၆၆) ထန်ကျန့်၏သေခြင်းတရား

ဘုန်း...

ခပ်အုပ်အုပ်ပေါက်ကွဲသံကို ကြားလိုက်ရသည်။

တာဟေး၏လက်သီးချက်ကြောင့် သတ္တုစပ်တံခါးနှင့် ကွန်ကရစ်နံရံနှစ်ခုစလုံး ခပ်ပြင်းပြင်းတုန်ခါသွား၏။

"အာ..."

ထန်ကျန့်မှာ တိတ်ဆိတ်စွာဖြင့် ကြောက်လန့်နေခဲ့သည်။ တွန်းကန်အားမှာ အလွန်ကြီးမားသည့်အတွက် စခရင်ကို ပြန်လည်အသက်ဝင်ရန် စက္ကန့်အနည်းငယ် ကြာသွားသည်။

"ကျောက်ဖုန်း မင်းအဲဒီလူကို ဘယ်ကနေခေါ်လာခဲ့တာလဲ" ထန်ကျန့်သည် မျက်မှောင်ကြုတ်ကာ တည်ငြိမ်သည့်လေသံဖြင့် မေးသည်။

သူ့ သတ္တုစပ်တံခါး၏ခိုင်မာမှုကို သူယုံကြည်မှုရှိသည်။ စံအိမ်ထဲမှ ကျယ်လောင်သည့် ဆူညံသံများနှင့် သူ့လူများ၏ ရုတ်ရုတ်သဲသဲဖြစ်မှုကြောင့် ရဲများ မကြာမီရောက်လာခဲ့ခြင်းမရှိလျှင်သော်မှ အပြင်ဘက်မှလူနှစ်ယောက်မှာ သူ့အား ဖမ်းနိုင်ရန် အခွင့်အရေးမရှိသလောက်ပင်။

"ထန်ကျန့်၊ ငါက ရဲဆိုတာကို မင်းဘယ်အချိန်က သိသွားခဲ့တာလဲ" ကျောက်ဖုန်းသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး တံခါးကို ဖျက်စီးရန် ကြိုးစားနေသည့် တာဟေးအား တားလိုက်၏။

"ဟားဟား...ငါ့ရဲ့အပျော်မယားနဲ့ မင်းအတူတူအိပ်လိုက်ကတည်းက မင်းကို ငါသံသယဖြစ်ခဲ့တာပဲ" ထန်ကျန့်က လှောင်ရယ်လိုက်သည်။

"မင်းက သိုသိုသိပ်သိပ်ပဲ နေချင်တာ။ ဘယ်တော့မှ အဲ့လိုကိစ္စမျိုး မလုပ်တတ်ဘူး။ မင်းရဲ့ဆီကို ယူလာပေးတဲ့ အကျိုးအမြတ်တွေအရ မင်းကို တစ်ယောက်တည်းထားပေးခဲ့တယ်။ မင်းရဲ့ အကျင့်စရိုက်အရဆိုရင် မင်းက အေးအေးဆေးဆေးနေတတ်ပြီး ဘယ်မိန်းမကိုမှ စိတ်မဝင်စားဘူး။ ဒါပေမယ့် ရုတ်တရက်ကြီး ငါ့ရဲ့အပျော်မယားကို မင်းက စိတ်ဝင်စားသွားတယ်။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"

"အင်း...ငါနည်းနည်း အလောတကြီးနိုင်သွားတယ်" ကျောက်ဖုန်း ခေါင်းကို အသာအယာငြိမ့်လိုက်ပြီး

"မင်းက မြေခွေးအိုကြီးပဲ။ ပြီးတော့ မင်းမှာ လန်ဖုန်းနဲ့ တခြား တိုက်ခိုက်ရေးဆိုင်ရာ အကြံပေးနှစ်ယောက်ရှိတယ်။ မင်းရဲ့ စည်းမျဉ်းတွေအောက်မှာ လျှို့ဝှက်စုံထောက်လုပ်ရတာ အတော်ခက်တယ်။ သက်သေအထောက်အထားရဖို့က ပိုတောင် ခက်သေးတယ်။ ဒါပေမယ့် ဒီနေ့တော့ အားလုံး အဆုံးသတ်သွားပြီ။ မင်းနဲ့ကိစ္စရှင်းပြီးရင် ငါ လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်..."

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now