အပိုင်း(၁၆၈)

269 19 0
                                    

အပိုင်း(၁၆၈) မွေးနေ့နှင့်ပတ်သက်သည့် မေးခွန်း

ရှေ့တွင် ရဲကားများ သွားနေသည်ကို မြင်သည့်အခါ ကားတန်းကြီးမှာ နောက်မှ ဖြည်းဖြည်းချင်း လိုက်သွားကြ၏။

သူတို့သည် ကျော်တက်ချင် မကျော်ရဲကြ။ ရဲကားတစ်ဒါဇင်ခန့် အားကုန်မောင်းနှင်နေသည်မှာ တစ်စုံတစ်ရာဖြစ်ပျက်နေသည်မှာ သေချာပေမည်။ ထိုနောက်တွင် ကျောက်ဖုန်းသည် ကလဲ့စားချေရန် ကြိုးစားနေကြောင်း ကြားလိုက်ရပြီး ထန်ကျန့်၏အိမ်တွင် တိုက်ပွဲဖြစ်တော့မည်ဖြစ်ကြောင်း သိရှိလိုက်ကြ၏။

သို့သော် ထန်ကျန့်၏စံအိမ်တွင် ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲမှာ ဤမျှ ပြင်းထန်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ခဲ့ကြချေ။

ထန်ကျန့်၏စံအိမ်သို့ ကားများရောက်ရှိသည့်အချိန်တွင် ရဲများမှာ ဆိုးရွားလွန်းသည့် အခြေအနေကို မြင်တွေ့လိုက်ရပြီး ချက်ချင်း သတိအနေအထားဖြစ်သွားကြသည်။ သူတို့အားလုံး ကားပေါ်မှ ဆင်းကာ အိမ်ထဲပြေးဝင်သွားကြ၏။ ထိုအခါမှ ထန်ကျန့်၏လူအနည်းငယ်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရပြီး အားလုံး မှင်တက်သွားကြသည်။

သခင်ကြီးထန်၏စံအိမ်တွင် သွေးချောင်းစီးသည့်တိုက်ပွဲ ကြုံ့တွေ့ခဲ့ရသည့်ဟန်ပင်။

"ဒါကြီးက ဖြစ်နိုင်ပါ့မလား" နောက်မှလိုက်လာကြသည့်လူများမှာ တွေးနေကြသည်။

သူတို့သည် စပ်စုလိုကြသော်လည်း ဖြစ်ပျက်နေသည်များကို ကြည့်ရှုရန် ရှေ့သို့ မသွားနိုင်ဘဲ အဝေးမှနေ၍သာ လှမ်းကြည့်နိုင်၏။

လဆန်းပင်လယ်ကွေ့၏တာဝန်ခံ လျောင်ချန်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်သည့် စံအိမ်ထဲတွင် ရောက်ယက်ခတ်နေသည်။ လျောင်ချန်းသည် အသက် ၄၅ ခန့်ရှိပြီး၊ အရပ်ပုပု၊ ခပ်သွယ်သွယ်မျက်နှာဖြင့် အသက်အရွယ်ရလာသည့် လက္ခဏာများ ပြသနေပြီဖြစ်သည်။

ပုံမှန်ဆိုလျှင် တည်ငြိမ်သည့် လျောင်ချန်းပင်လျှင် မျက်နှာထက်တွင် အလွန်အံ့အားသင့်နေဟန်ရှိသည်။

အိမ်အပြင်ဘက်တွင် လူဆယ်ယောက်ကျော် လဲကျနေသည်။

"အခြေအနေကို စစ်ဆေးကြည့်" လျောင်ချန်းက မျက်မှောင်ကြုတ်ကာ အမိန့်ပေးသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now