အပိုင်း(၁၇၀)

292 25 0
                                    

အပိုင်း(၁၇၀)စိတ်ရှုပ်ထွေးနေသည့် ရဲချုပ်

ထန်ကျန့်သည် သူပိုင်ဆိုင်ထားသည့်အရာအားလုံးထက် ဤသတ္တုအပိုင်းအစလေးက ပို၍ တန်ဖိုးရှိနေလိမ့်မည်ဟု မည်သည့်အခါကမျှ တွေးမိခဲ့မည်မဟုတ်ချေ။ သူဘဝတစ်လျှောက် ရုန်းကန်စုဆောင်းလာခဲ့သည့် ရတနာပစ္စည်းများအားလုံး နောက်ဆုံးတွင် ကျန်းဟန်၏လက်ထဲသို့ ရောက်သွားလိမ့်မည်ဟုလည်း တွေးမိခဲ့မည်မဟုတ်။

အကယ်၍ ထန်ကျန့်သာ နောက်တစ်ကြိမ်အခွင့်အရေးရှိခဲ့ပါက ကင်းမြီးကောက်အား စားသောက်ဆိုင်သို့ မရောက်ခင် သတ်ပစ်ပေလိမ့်မည်။

ဤကပ်ဆိုးကြီး၏အဓိကအကြောင်းအရင်းမှာ ကင်းမြီးကောက် ရီမုဒ်ကားကို တက်နင်းခဲ့ခြင်းကြောင့် ဖြစ်လေသည်။

"အဲ့ဒါရဲ့နာမည်က ဘာလဲ ဆရာ။ စိတ်ဝိဉာဉ်ရတနာဆိုတာက ဘာကြီးလဲ" ကျောက်ဖုန်းက စိတ်ဝင်တစားမေးသည်။

"စိတ်ဝိဉာဉ်ရတနာလား..." ကျန်းဟန်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည်။

"စိတ်ဝိဉာဉ်ရတနာဆိုတာ အဆင့်တစ်ကနေ အဆင့်ကိုးအထိ အဆင့်သတ်မှတ်ထားတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ရတနာအများအပြားကို ရည်ညွှန်းတယ်။ ဥပမာပြောရရင် ကျင့်ကြံခြင်းကမ္ဘာမှာ ပထမအဆင့်စိတ်ဝိဉာဉ်ရတနာက အလွန်သာမန်ဆန်တယ်။ ရွှေလိုမျိုးပဲ ။ ကျင့်ကြံသူတိုင်းမှာ တစ်ချို့တစ်လေတော့ ရှိကြတယ်။ ဒုတိယအဆင့်စိတ်ဝိဉာဉ်ရတနာနဲ့ တတိယအဆင့်စိတ်ဝိဉာဉ်ရတနာတွေလည်း အတူတူပဲ။ သူတို့က အနိမ့်ဆုံးအဆင့်မှာ ရှိကြတယ်"

"ဒုတိယတန်းစားအနေနဲ့ အဆင့်လေးကနေ အဆင့်ခြောက်အထိ သတ်မှတ်နိုင်တယ်။ ဒီအဆင့်မှာရှိတဲ့ စိတ်ဝိဉာဉ်ရတနာတွေက အခွင့်အလမ်းရှိမှသာ ရနိုင်တာ။ အဆင့်ခုနှစ်ကနေ အဆင့်ကိုးအထိက ဆရာသခင်တွေပဲ ပိုင်ဆိုင်နိုင်ပြီးတော့ သူတို့ရဲ့တန်ဖိုးကို တိုင်းတာလို့မရနိုင်ဘူး။ ကျင့်ကြံခြင်းကမ္ဘာမှါ အဆင့်ကိုးစိတ်ဝိဉာဉ်ရတနာက အလွန်ရှားပါးတယ်။ သူတို့နဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီနည်းနည်းလောက်ပဲ ရှိတယ်"

ကျန်းဟန်က ကျောက်ဖုန်းအား အကျဉ်းချုပ်ရှင်းပြသည်။

ကျောက်ဖုန်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဘာကိုဆိုလိုမှန်း မသိချေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now