အပိုင်း(၁၇၄)

269 22 0
                                    

အပိုင်း(၁၇၄)အရသာဖူးလေးများ၏သာယာမှု

မုန့်မုန့်က

"နင်ငါ့ကို မခင်ရင် ငါလည်း နင့်ကို မခင်တော့ဘူး"

ထိုနောက် မုန့်မုန့်၏မျက်လုံးဝိုင်းကြီးများမှာ မျက်ရည်များကျလာတော့မတတ် တောက်ပလာ၏။ သို့သော် နောက်အခိုက်အတန့်တွင်တော့...

"အူးဝါး..."

ကျယ်လောင်သည့် ငိုသံတစ်သံ ထွက်ပေါ်လာလေသည်။ ဝမ်ရီဟန်သည် သူမ၏ဝဝကစ်ကစ်ခန္ဓာကိုယ်လေးကို ဆိုဖာပေါ် လူးလိမ့်ရင်း အော်ငိုသည်။

"အမ်..." မုန့်မုန့်မှာ ကြောင်အသွား၏။ သူမသည် ဘာကြောင့် ဝမ်ရီဟန် အလွန်အမင်းငိုယိုနေရသည်ကို အံ့ဩသွားသည်။

ဝမ်ရီဟန်၏ငိုသံကြောင့် ဆိုင်ထဲရှိ လူအားလုံးကို စွဲဆောင်သွားသည်။ အသီးအရွက်များ ကြော်လှော်နေသည့် ကျန်းဟန်ပင် ချက်ပြုတ်နေသည်ကို ခေတ္တရပ်တန့်သွား၏။

"သူ့ကို ဒီပြန်ခေါ်ခဲ့" ဝမ်ချမ်းသည် ဝူလီယင်းအား မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘာလို့ ငါ ဒီကို ကလေးခေါ်လာတဲ့အခါတိုင်း ပြဿနာဖြစ်နေပါလိမ့်။ အရင်တစ်ခေါက်တုန်းက မုန့်မုန့်ကို နမ်းချင်တဲ့ မြေး၊ အခုကျတော့ မုန့်မုန့်နဲ့ ခဏလောက် ကစားပြီးတော့ ငိုယိုနေတဲ့ မြေး"

ဝမ်ချမ်း တွေးလိုက်သည်။

ဝူလီယင်းသည် ဆိုဖာဆီသို့ လျှောက်သွား၏။ မီးဖိုချောင်ကို ဖြတ်သွားသည့်အချိန်တွင် သူမသည် ကျန်းဟန်အား ပြုံး၍ တောင်းပန်လိုက်၏။

"ကျွန်မမြေးမလေးက ပြသနာရှာနေတဲ့အတွက် တောင်းပန်ပါတယ် သူဌေး"

ကျန်းဟန်က စိတ်မရှိကြောင်း ပြရန် ခေါင်းယမ်းပြလိုက်၏။

"ကောင်းပြီ ရီဟန် မငိုနဲ့တော့။ အဖွားသမီးကို ပြန်ခေါ်သွားမယ်။ ခဏနေရင် ဖွားဖွားတို့ ထမင်းစားကြမယ်။ မငိုနဲ့တော့" ဝူလီယင်းသည် ဆိုဖာပေါ်တက်သွားပြီး ဝမ်ရီဟန်အား ချီရန် ကြိုးစားသည်။

ဝမ်ရီဟန်သည် ပို၍ လူးလွန့်လာပြီး ကျယ်လောင်စွာ ငိုလိမ့်မည်ဟု မည်သူက သိပါမည်နည်း။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now