အပိုင်း(၁၇၆)

267 25 0
                                    

အပိုင်း(၁၇၆)စည်းကမ်းများမှဟာကွက်တစ်ခု

"မန်ဘာကတ်တစ်ကတ်ကို ယွမ်တစ်သန်းနဲ့ရောင်းတဲ့ စားသောက်ဆိုင်က ဘယ်လောက်များ ကြီးကျယ်ခမ်းနားသလဲ ကြည့်လိုက်ရအောင်" ဝမ်ကျားဝမ်သည် နှုတ်ခမ်းကိုတွန့်ကွေးကာ ရယ်မောလိုက်ပြီး မထီတထီစကားလုံးအနည်းငယ် ပြောလိုက်သည်။

မူလက ဤကဲ့သို့သော် စားသောက်ဆိုင်လေးကို သိပ်ပြီး အာရုံခံစားမနေပေ။ အချို့သော စားသောက်ဆိုင်ငယ်လေးများတွင် အရသာရှိသောစားသောက်ဖွယ်ရာများ ရှိသည်မှန်သော်လည်း မန်ဘာကတ်ကို ယွမ်တစ်သန်းဖြင့် ရောင်းချနိုင်ပါမည်လား။ အတော်လေး ရယ်စရာကောင်းပေသည်။ သို့သော် သူ၏ဖခင်မှာ သုံးကတ်ပင် ဝယ်ထား၏။ သူတို့က သူ့အား လှည့်စားခဲ့သည်လား။

ထို့ကြောင့် ဝမ်ကျားဝမ်သည် ကျန်းဟန်၏စားသောက်ဆိုင်ကို အတော်လေး မကျေမနပ်ဖြစ်နေသည်။

"အင်း...အနည်းဆုံးတော့ အဖေပျော်နေတာပဲလေ။ ဒီလိုမျိုးကိစ္စအတွက် သူ ပိုက်ဆံသုံးတယ်ဆိုတာ ဒါပထမဆုံးအကြိမ်ပဲ။ ဒီစားသောက်ဆိုင်က တော်တော်လေးထူးခြားလို့ ဖြစ်ရမယ်" စုယွီက ခင်ပွန်းဖြစ်သူ၏စိတ်ကို သိရှိပြီး သူ၏စကားများအရ သူ ဘာတွေးနေသလဲကို သိရှိ၏။ ထို့ကြောင့် သူမက အကြံပေးသည်။

"အဲ့ဒါက မတူပါဘူး။ တကယ်လို့ အဖေ့ကို အရူးလုပ်ခဲ့တယ်ဆိုရင် ဒီစားသောက်ဆိုင်က လိမ်လည်နေတယ်လို့ သံသယရှိတယ်" ဝမ်ကျားဝမ်က ဆိုင်တံခါးကို ဖွင့်လိုက်ရင်း ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။

ရုတ်တရက် သူ၏နှာခေါင်းထဲသို့ အသားရနံ့များ ရောက်ရှိလာသည်။

"ဟမ်...မွှေးလိုက်တာ" စုယွီသည် လေထဲမှ အနံ့ကို ရှူရှိုက်မိလိုက်ပြီး မျက်လုံးများတွင် အံ့ဩမှုများ ပြည့်သွားသည်။

"ဒါက" ဝမ်ကျားဝမ်၏အမူအရာမှာလဲ ပြောင်းလဲသွားပြီး သူ၏မထီမဲ့မြင်အကြည့်များမှာ မွှေးရနံ့ကြောင့် ပျောက်ကွယ်သွားလေသည်။ စားသောက်ဆိုင်၏ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ၏မိဘများမှာ အတွင်းဘက် ထမင်းစားစားပွဲတစ်ခုတွင် ထိုင်နေပြီး သမီးဖြစ်သူမှာ ဝက်ပေါင်သားကို အားရပါးရစားနေသည်ကို တွေ့လိုက်၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now