အပိုင်း(၁၇၇)

269 19 0
                                    

အပိုင်း(၁၇၇)မြေအောက်လောကမှ အနားယူ

ကျောက်ဖုန်းသည် ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး လမ်း၏အနောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

ရုံဟဲဂိုဏ်း၏ဌာနချုပ်သည် လဆန်းပင်လယ်ကွေ့အနောက်ပိုင်းတွင် တည်ရှိပြီး နာရီဝက်ခန့် လမ်းလျှောက်သွားရသည်။

တက္ကစီဖြင့်ဆိုလျှင် ဆယ်မိနစ်သာ ကြာသော်လည်း ကျောက်ဖုန်းသည် တက္ကစီမစီးချင်ပေ။ သူ၏စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးနေပြီး ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။

အချိန်ကား ည ၈ နာရီ မိနစ် ၃၀ ရှိပေပြီ။ ဟောင်ကောင်၏ ညဘက်လှုပ်ရှားမှုများမှာ ယခုမှ စတင်ခြင်းဖြစ်၏။ နေ့ခင်းဘက်ကဲ့သို့ ပူပြင်းလှသည့်နေရောင်မရှိဘဲ သင့်တင့်သည့် အပူချိန်က ပင်လယ်လေပြေအေးကလေးနှင့်အတူ ကျောက်ဖုန်းမှာ လမ်းမထက်တွင် အလွန်အေးချမ်းမှုကို ခံစားနေရသည်။

စည်ပင်ဝပြောသည့် မြို့ပြအငွေ့အသက်များကို ပြသနေသည့်အလား လမ်းမဘေးနှစ်ဘက်တွင် လူအများအပြား လှုပ်ရှားသွားလာနေကြ၏။

ကျောက်ဖုန်းသည် အထီးကျန်ဆန်သည့် မျက်နှာထား၊ အေးစက်တည်ငြိမ်သော အမူအရာဖြင့် လူအုပ်ကြားတွင် ဖြတ်သန်းသွားလာနေသော်လည်း သူ၏နဖူးပြင်ထက်တွင် ဝမ်းနည်းအားငယ်မှုအရိပ်အယောင်တစ်ခုရှိနေသည်။

"ဒီည စားသောက်ပွဲက နှုတ်ဆက်ညစာဖြစ်လိမ့်မယ်"

ကျောက်ဖုန်း သက်ပြင်းဖျော့ဖျော့ချလိုက်၏။ ဤအချိန်တွင် သူ၏စိတ်များမှာ ရှုပ်ထွေးနေသည်။

ထန်ကျန့်၏ပြဿနာ ဖြေရှင်းပြီးသွားသည့်အခါတွင် ကျောက်ဖုန်းမှာ တဖန်ပြန်၍ လွတ်လပ်လာသည်။ သူ၏ဆရာဖြစ်သူနှင့် တွေ့ခဲ့ရသည်မှာ အလွန်ကံကောင်းပေသည်။ ဆရာသာ မရှိခဲ့ပါက သူ သေသွားမည်မှာ အသေအချာပင်။ ထင်ရှားစွာဖြင့်ပင် မိုးကောင်းကင်သည် သူ့အား ထိုသို့သော ဆရာတစ်ယောက်ကို ရှာဖွေပေးခဲ့ပြီး မတူကွဲပြားသည့် လမ်းကို လျှောက်လမ်းရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။

သို့သော်... ဤညီအစ်ကိုများအတွက်မူ တောင်းပန်စကားသာ သူပြောနိုင်တော့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now