အပိုင်း(၁၇၈)

259 19 0
                                    

အပိုင်း(၁၇၈)ခွန်ရှင်းတန်

ဤအချိန်တွင် လူတိုင်းသည် စိတ်ဓာတ်ကျနေကြ၏။ ပြောရလျှင် ကြားလိုက်ရသည့်သတင်းက သူတို့အတွက် လုံးဝ မမျှော်ထားသည့်အရာပင်။

အားဟူ၊ ရှောင်မုံ့၊ စွန်းမင်နှင့် ရှောင်မားတို့၏မျက်လုံးများ နီရဲနေသော်လည်း ဘာစကားမျှ မပြောဖြစ်ကြ။ သူတို့ကဲ့သို့သော အရင်းနီးဆုံးသူများမှာ ကျောက်ဖုန်းက လျှို့ဝှက်ထောက်လှမ်းရေးဆိုသည်ကို သိရှိပြီးသားဖြစ်ကြသည်။

အစက သူတို့ထိုအချင်းအရာကို လက်မခံနိုင်ကြသော်လည်း နှစ်များကြာလာသည်နှင့်အမျှ သူတို့အပေါ် ကျောက်ဖုန်း၏နွေးထွေးကြင်နာမှုများကို တွေးမိပြီး သူတို့၏စိတ်ထဲမှ မကျေနပ်မှုများက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ သူသည် လျှို့ဝှက်စုံထောက်ပင်ဖြစ်စေ၊ အခြားဂိုဏ်းတစ်ခုမှသူပဲဖြစ်စေ သူတို့သည် သူ၏အထောက်အထားရာထူး၏နောက်သို့ လိုက်ခဲ့ကြခြင်းမဟုတ်ဘဲ အစ်ကိုဖုန်း၏နောက်သို့ လိုက်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခု ကျောက်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါတွင် သူတို့လည်း နှုတ်ဆိတ်နေခဲ့ကြ၏။ အစ်ကိုဖုန်းသည် မူလက ထန်ကျန့်အား ဆွဲချရန် လာခဲ့ခြင်းဖြစ်သည်။ ယခု ထန်ကျန့်သေဆုံးသွားပြီးနောက်တွင် အစ်ကိုဖုန်းမှာ ဘာမှစိုးရိမ်စရာမရှိတော့ရာ သာမန်ဘဝဖြင့် ဦးဆောင်စေလိုသည်။ ၎င်းက...ကျောက်ဖုန်း သူတို့အား ဆက်၍ ဦးဆောင်ပြီး တောင်ပိုင်းခရိုင်ကို စိုးမိုးရန်အတွက် တိုက်ပွဲဝင်ရန် မျှော်လင့်နေဆဲပင်။

"အစ်ကိုဖုန်း အစ်ကိုပြောတာမှန်တယ်။ အစ်ကိုထွက်သွားရင်တောင် အစ်ကိုကကျွန်တော်တို့ရဲ့ အစ်ကိုကြီးဖြစ်နေတုန်းပဲ။ ကျွန်တော်တို့က ညီအစ်ကိုတွေ ဖြစ်နေဆဲပါ။ အစ်ကိုဖုန်းအတွက်...ချီးယားစ်"

အားဟူသည် ဘီယာပုလင်းတစ်ခုလုံးကို ကောက်ကိုင်လိုက်ပြီး မျက်လုံးများနီရဲကာဖြင့် သောက်လိုက်သည်။

ဂလွတ် ဂလွတ် ဂလွတ်...

ညီယာကို သုံးလေးကျိုက်သောက်လိုက်သည်။ သူသည် ကောင်းကောင်းသောက်နိုင်သော်လည်း တစ်ခါတည်း အများကြီးသောက်လိုက်ခြင်းက သူအား အနည်းငယ် ယစ်မူးသွားစေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now