အပိုင်း(၁၇၉)

292 19 0
                                    

အပိုင်း(၁၇၉)ရေတွင်းထဲက ဖား

ခွန်ရှင်းတန်သည် တစ်ချိန်က တောင်ပိုင်းကျွန်း၏မြေအောက်ဂိုဏ်းများအားလုံးကို ချေမှုန်းခဲ့ပြီး ပြည်ပ အထူးတပ်ဖွဲ့မှအနားယူလာသည့် စစ်သားတစ်ဦးကိုပင် သုံးကွက်ထဲဖြင့် အလဲထိုးကာ မသန်မစွမ်းဖြစ်သွားစေခဲ့သည်။

တောင်ပိုင်းကျွန်းရှိ မြေအောက်ဂိုဏ်းများမှာ သူနှင့်တိုက်ခိုက်ရန် သေမတတ်ကြောက်ရွံ့ကြသည်ဟု ပြောစမှတ်ရှိသည်။ အကြောင်းမှာ သူနှင့် တိုက်ခိုက်ပါက သေလျှင်သေ ၊ မသေပါက ဒုက္ခိတဖြစ်သွားလေသည်။

သို့သော် ခွန်ရှင်းတန်သည် လွန်ခဲ့သည် ခြောက်နှစ်ခန့်က ပျောက်ကွယ်သွားခဲ့၏။ ထိုနောက်တွင်တော့ ထန်ဟောင်မှာ အင်အားကျဆင်းလာပြီး ရန်သူတစ်ယောက်၏ဓားချက်အောက်တွက် အသက်ပျောက်သွားခဲ့ရသည်။

ထိုအချိန်မှစ၍ တောင်ပိုင်းကျွန်းရှိ မြေအောက်ဂိုဏ်းများ ပရမ်းပတာဖြစ်သွားခဲ့သည်။ ခက်ခဲသည့်အချိန်များက အားကောင်းသည့်သူများကို မွေးထုတ်ပေးသည်ဆိုသကဲ့သို့ ထိုအချိန်မှစ၍ ထန်ကျန့်မှာ တန်ခိုးအာဏာကြီးထွားလာခဲ့၏။

ယခုတွင်တော့ သူတို့၏ရှေ့မှ ဤပုဂ္ဂိုလ်မှာ ဒဏ္ဍာရီဆန်သည့် ခွန်ရှင်းတန်မှန်းသိလိုက်ရသဖြင့် လူတိုင်း ထိတ်လန့်ကြောက်ရွံ့သွားကြသည်။

အကြောင်းမှာ ခွန်ရှင်းတန်သည် အားနည်းသူများကို ထိတ်လန့်ကြောက်ရွံ့သွားစေနိုင်သည့် သန်မာသူဖြစ်နေသောကြောင့်ပင်။

ကျောက်ဖုန်းပင်လျှင် မျက်နှာပျက်သွားသော်လည်း သူသည် ကြောက်ရွံ့ခြင်းမရှိဘဲ ခွန်ရှင်းတန်အား စူးစမ်းလိုသောအကြည့်ဖြင့် ကြည့်နေသည်။ ကျောက်ဖုန်းသည် ထိုလူရောက်ရှိလာခြင်းကြောင့် အံ့ဩသွားသည်။ လောင်ပင်းနှင့်မုံ့ဝူတို့က ဤကဲ့သို့သောလူမျိုးကို ဖိတ်ခေါ်လာမည်ဟု မမျှော်လင့်ထားပေ။

"လောင်ပင်း၊ မုံ့ဝူ"

ဂူချန်းလည်း ဤအချိန်တွင် ထိုင်မနေနိုင်တော့ချေ။ သူသည် မတ်တပ်ထရပ်ကာ ရှေ့နှစ်လှမ်းတိုးလိုက်ပြီး

"မင်းတို့နှစ်ယောက်မှာ အဆက်အသွယ်တွေရှိတာပဲ။ မစ္စတာခွန်ကို ဖိတ်ခေါ်နိုင်တာက တကယ်ကို အံ့ဩစရာပါပဲ။ ဒါပေမယ့်..."

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now