အပိုင်း(၁၈၁)

214 13 0
                                    

အပိုင်း(၁၈၁)ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်

နည်းပြလျိုက ခါးသည်းစွာပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်၏။ သူသည် သက်ပြင်းလေးချလိုက်ပြီး ဆက်ပြောသည်။

"သူနဲ့တိုက်မကြည့်ဘဲ သူ့ရဲ့ခွန်အားအတိကျကို ကျုပ်လည်း မသိနိုင်ဘူး။ သူ့ရဲ့ခွန်အားက အပြင်အားထက်တော့ တော်တော်လေးကိုပိုပြီးသန်မာတယ်။ သူ့မှာ အကြမ်းပတမ်းခွန်အားသာရှိပြီး အတွင်းအားကို မရောက်သေးတဲ့ပုံပေါ်ပေမယ့် သူ့၏ရဲ့ခံနိုင်ရည်က သာမန်အထွတ်အထိပ်အဆင့်ထက် တော်တော်လေး ပိုအားကောင်းတယ်။ ဒါပေမယ့် အထွတ်ထိပ်အဆင့်ကို ရောက်နေလိမ့်မယ်လို့ ကျုပ်လည်း မယုံဘူး။ ဒါတောင်မှ သူ့ရဲ့ခံနိုင်ရည်အားကောင်းလွန်းတာကြောင့် အထွတ်အထိပ်အဆင့် အလယ်အဆင့်ကနေ နောက်ပိုင်းအဆင့်ထိလူတစ်ယောက်က သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"

"ဒါက တကယ်ကို ကြမ်းတာပဲ" ဒုန်ရှန်းချွမ်က စိုးရိမ်တကြီးဖြင့် နဖူးကို နှိပ်ကာ "လုံခြုံရေးဗျူရိုက လွှတ်လိုက်တဲ့သူတွေထဲ အထွတ်ထိပ်ဆင့် အလယ်ဆင့်ကနေ နောက်ပိုင်းအဆင့်အတွင်း ရှိမလားဆိုတာ ကျုပ်လည်း မသိဘူး"

"မဖြစ်နိုင်ဘူး" နည်းပြလျိုက ခါးသည်းစွာပြုံးလျက်ခေါင်းယမ်းလိုက်သည်။

"အထွတ်အထပ်အဆင့်မှာရှိတဲ့ မာစတာတိုင်းက ကိုယ်ပိုင်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ်နေကြပြီးတော့ လွယ်လွယ်နဲ့ထွက်လာကြမှာမဟုတ်ဘူး။ သူတို့လွှတ်လိုက်တဲ့သူတွေက ကျုပ်နဲ့အတူတူလောက်ပဲဖြစ်မှာ"

"သူတို့က ဘယ်လောက်သန်မာလဲ" ဒုန်ရှန်းချွမ်က သိချင်စိတ်ဖြင့် မေးသည်။ နည်းပြလျိုက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သိုင်းလောကတွင် နာမည်ကျော်ကြားသူဖြစ်ကြောင်း သူတစ်ယောက်သာ သိရှိ၏။ သို့သော် သူသည် မည်သည့်အဆင့်တွင် ရှိနေသည်ကို မသိချေ။

သူ၏အကြည့်အောက်တွင် နည်းပြလျိုက ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး စကားလုံးအနည်းငယ်ပြောလိုက်ရင်း အတွေးနက်နေဟန်ဖြစ်သွားသည်။

"တကယ်လို့ လုံခြုံရေးဗျူရိုက လွှတ်လိုက်တဲ့သူတွေက သာမန်ဝန်ထမ်းတွေဆိုရင်တော့ သူတို့မှာ...အပြင်အားအဆင့်ကို ပိုင်ဆိုင်ထားလိမ့်မယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now