နွေဦး ကမ္ဘာ (u&z)

486 6 0
                                    

"နွေဦးမှာ မွေးခဲ့ပင်မဲ့ ကျွန်တော်တော့ နွေရာသီကို မုန်းတယ်.. ။ နောက်ပြီး နွေဦးလို နာမည်ပေးခဲ့တဲ့ ခင်များကိုလည်း မုန်းတယ် ဦးကမ္ဘာ .."

ကျွန်တော့ နာမည် နွေဦးပါ..။ အသက်က ၁၈ဖြစ်ပြီး နည်းပညာ တက္ကသိုလ်မှာ ပထမနှစ်တက်နေပါတယ် ။ ကျောင်းတက်ရမှာ ပျင်းသလို စာလုပ်ဖို.ဆို စိတ်မဝင်စားတာက ကျွန်တော့ရဲ. အတော်ဆုံး အကျင့်ကလေးတစ်ခုပါ ။

ကျွန်တော် ဘဝက တကယ့်ကို လွတ်လပ်ပျော်ရွှင်စရာလည်း ကောင်းပြီး အသင့်သင့်အနေအထားတစ်ခုမှာ ရှိတဲ့မိသားစုက မွေးလာသူတစ်ယောက်မို. အပူအပင်ဆိုတာ မရှိပါဘူး ။

ဒါပင်မဲ့ ကျွန်တော့ကို စိတ်ပင်ပန်းစေတဲ့အရာတစ်ခုတော့ ရှိနေခဲ့တယ် ။ အဲ့ဒါက နွေကိုမုန်းတဲ့ကျွန်တော့ကို နွေဦးလို.ပေးခဲ့ချင်းပင်။ အမြဲ စိတ်ရူပ်ခဲ့ရပြီး အမြဲစိတ်ဒုက္ခ ရောက်စေသည်။

"နွေဦး! "

သူငယ်ချင်း တွေက ကိုယ့်နာမည်မို. ကိုယ့်အားခေါ်ရင်တောင် အမြဲရန်တွေ့လွတ်နေမိလို. သူငယ်ချင်းဆိုတာ မရှိသလောက်ရှားသည်။

ဘာလို. နွေကို မုန်းလည်းတော့မမေးနဲ.နော်.. ။ လူတိုင်းမှာ သူ.psychoနဲ.သူပဲ။ လူတစ်ယောက်က အကောင်တစ်ကောင်ကို ကြောက်တယ်ပဲထားပါ ။ သို.သော် သူရွံတယ် ၊မုန်းတယ် ပြောချင်ပြောနေမယ် ။ ဒါဟာ ကြောက်တာကိုမသိလို.တော့မဟုတ်ဘူး.. နူတ်ကပြောလိုက်တဲ့အရာက သူလက်ခံထားတာနဲ. အဓိပ္ပါယ်တူနေလို.ပဲ ။

ကျွန်တော်လည်း ထို.နည်းတူပါပဲ နွေရာသီမှာ မွေးခဲ့တာဆိုပင်မဲ့ ကျွန်တော် နွေကိုကြောက်တယ် ။ အဲ့ကစလို ကျွန်တော်ဟာ နွေကိုမုန်းလာတော့တာပဲ ။ ပြီးတော့ နွေဦးလို. နာမည်ပေးခဲ့တဲ့ အဲ့လူကြီးကိုရောပဲ..။

"ဟဲ့ နွေဦး နွေဦး ထစမ်း ထစမ်း ဘယ်အချိန်တွေ ရှိနေပြီးလဲ ခုချိန်ထိမထသေးဘူး "

အိပ်ပုတ်တယ်ပဲပြောပြောပါ ဒါက ကျွန်တော့ရဲ. အိပ်ယာထချိန်မဟုတ်သေးပါဘူး ။ ပုံမှန်ဆိုလာမနိူးတတ်တဲ့ အမေက ဘာလို.ဒီကနေ့လေးမှာမှ လာနိူးရသလဲ.. ။
မျက်လုံးတွေက မဖွင့်နိုင်သေးတာမို. အမေ့အသံကို မျက်ကွယ်ပြုကာ ဆက်အိပ်မိနေသေး ။ အမေဟာလည်း ဆက်ထုကာ နိူးနေသေးသည်။

နွေဦး ကမ္ဘာ (u&z)Where stories live. Discover now