နှလုံးသားပိုင်ရှင်လေး

194 4 0
                                    

တခါမှ မတွေးခဲ့ဖူးတဲ့ ကိစ္စကြီးတစ်ခုကို ကျွန်တော်ကြားလိုက်ရတယ်... ။ အဖေရော အမေရော လူကြီးပါ ကျွန်တော့ကို ညာခဲ့လိမ်ခဲ့ကျတယ် ။

"အဖေတို. ညာတယ် ။ အဖေရော အမေရော လူကြီးရော ကျွန်တော့ကိုညာတယ် ။ အမှန်တရားဆိုတာ ဘာမှတောင် ကျွန်တော်မသိတော့ဘူး "

"အဖေတို. အခုလိုလုပ်ရတယ်ဆိုတာက မင်းဒေါ်လေးတောင်းဆိုလို.သာရယ် အဖေတို. မညာချင်ပဲ ညာခဲ့ရတာပါ သားရယ် "

"အဲ့ဆို အခုအမှန်တရားကို ကျွန်တော်သိချင်တယ် ။ ကျွန်တော်က ဘယ်သူလဲ ။ ကျွန်တော်ရင်ဘတ်ထဲက နလုံးပိုင်ရှင်ကရော ဘယ်သူလဲ ။ပြီးတော့ လူကြီးကရောဘယ်သူလဲ "

အဖေနဲ.အမေက ဖုံးကွယ်ထားတာတွေ များလွန်းတော့ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါ။ နူတ်ပိတ်တိတ်ဆိတ်နေတုံး လူကြီးက ဝင်ကာ အစဆုံးရှင်းပြတော့သည်။

"တကယ်တော့ တိမ်ဖြူ ဆိုတာ ချာတိတ် ရဲ.ဒေါ်လေး ။ ချာတိတ် အဖေရဲ.ညီမပေါ့ ။ မင်းကိုမွေးတော့ အပျော်ဆုံးဖြစ်ခဲ့တဲ့သူက တိမ်ဖြူပဲ။ ကိုယ်နဲ.လက်ထပ်ပြီးရင်တောင် ကလေးမယူဘူးတဲ့ ။ ဘာလို.ဆိုမင်းအပေါ်အချစ်လျော့သွားမှာ ဆိုးလို.တဲ့လေ... "

လူကြီးလို ယောကျာ်း ရင့်မာကြီးက ငိုသံတွေနဲ.ပြောနေတော့ အဖေနဲ.အမေလည်း မခံစားနိုင်တော့ပဲ မျက်ရည်ကျနေရတော့သည်။

"တနေ့ ကိုယ်ဘက်ကစပြီး သူ.ကိုလမ်းခွဲစကားပြောခဲ့တယ်... ။မချစ်လို.မဟုတ်ပင်မဲ့ တိမ်ဖြူလိုမိန်းမတစ်ယောက်ကို စွန့်ပစ်နိုငဲတဲ့အထိ ရက်စက်ခဲ့တယ် "

နွေဦး ရင်ဘက်ဟာ အောင့်ကာ  စူနင့်လာတော့သည်။ မျက်လုံးများရဲကာ မျက်ရည်တွေဟာအလိုလို စီးကျနေရာယူနေတော့သည်။

"ဘာလို. ဘာလို. ထားခဲ့ရက်နိုင်ရတာလဲ... ။ခင်များ ဘာလို.အဲ့လိုလုပ်ခဲ့တာလည်း "

နွေဦး ရဲ. ဒေါသတွေနဲ.အော်မေးသံကို ကမ္ဘာ ပြန်မဖြေနိုင်ခဲ့။

"အဖေ့ကြောင့်ပေါ့ "

"ဟမ်"

အဖေဟာ ကြားဝင်ဖြေလာတော့ အခြေအနေတွေက နွေဦး ကိုပိုရူပ်ထွေစေသည်။

နွေဦး ကမ္ဘာ (u&z)Nơi câu chuyện tồn tại. Hãy khám phá bây giờ