ဒီတစ်ခါတကယ်လက်မလွတ်တော့ဘူး

252 5 0
                                    

နေကောင်းကာစနေကောင်းကာစ ကလေးငယ်အား ကမ္ဘာ တွဲရင်း  ခြံထဲလမ်းလျှောက်ထွက်လာခဲ့တော့သည်။

"လူကြီး "

ယခုချိန်ထိ လူကြီးကို မရိုမသေလုပ်နေသေးတဲ့ ကလေးငယ်ကို အသဲယားကိုက်စားချင်မိပင်မဲ့ နေကောင်းကာစမို. အလျော့ပေးထားရသည်။

"ဘာလဲ ချာတိတ် ။ ဘာမေးအုံးမလဲ "

"ဒေါ်လေးနဲ. ကျွန်တော် အိမ်မက်ထဲမှာ တွေ့ခဲ့တယ် ။ "

"မင်းဒေါ်လေး ဘယ်လောက်ချောလဲ တွေ့ခဲ့တယ်ပေါ့ "

"အွန်း ဒေါ်လေးက အရမ်းချောတာပဲ ။လှလည်းလှတယ် ။ ပြီးတော့ ဒေါ်လေးက မှာခဲ့တယ် ။ သူ.နှလုံးသားရဲ. ဦးတည်ချက်ကို သွားပါတဲ့ ။ ကျွန်တော်တွေးနေတာ ကျွန်တော့မှာရှိနေတဲ့ ဒေါ်လေးနှလုံးသားရဲ. စေရာအတိုင်း ကျွန်တော်လုပ်မလားလို.  "

."အတတ်ကလေး ၊ ပြောပါအုံး ဟောဒီက နှလုံးသားလေးက ဘာတွေခိုင်းနေလို.လဲ "

တွဲထားတဲ့ လူကြီးလက်တွေကို ဖြုတ်လိုက်ပြီး လူကြီးရင်ခွင်ထဲ တိုးဝှေ့ကာ မျက်လုံးများကိုမှိတ်ထားမိတော့သည်။ လူကြီးတော့ အံသြသွားပုံပါ။ တောင့်တင်းနေပင်မဲ့ လူကြီးရင်ခွင်ဟာ အလွန်နွေးထွေးနေခဲ့သည်။

"ကျွန်တော့ နှလုံးသားက​ပြောနေတယ် ။ လူကြီးဆီမှာ ထာဝရခိုလူံချင်လို.ပါတဲ့ ။ လူကြီး လက်ခံနိုင်ရဲ.လားဟင် "

နွေဦး မေးခွန်းတိုင်းကို ကမ္ဘာ ချက်ချင်းပြန်ဖြေလေ့မရှိ ။  အိမ်အပေါ်ထပ်မှ ကြည့်နေကျသော အဖေနဲ.အမေအား ကမ္ဘာ အကဲခက်နေမိသည်။ နောက်ဆုံးမှာတော့ အဖေနဲ.အမေရဲ. အပြုံးက လက်ခံတယ်ဆိုသည် သဘောပင် ။

ချက်ချင်းပြန်မဖြေတဲ့အဆုံး လူကြီးရင်ခွင်ထဲက နွေဦး ပြန်ထွက်ကာ ငိုတော့မည်မျက်နှာနဲ. မော့ကာကြည့်လာတော့သည်။

"လူကြီး လူကြီးဘာလို. ချက်ချင်း မဖြေတာလဲ ။ဘာလဲ ကျွန်တော်က ယောကျာ်းလေးဖြစ်နေလို.လား"

တရက်ဆက်မေးနေတဲ့ ကလေးငယ်ရဲ. ခေါင်းလေးကိုပုတ်မိတော့သည်။

"အရူးလေး မင်းကအဲ့လို ဆက်တိုက်ပြောနေမှတော့ ဒီကဘယ်လိုအဖြေပေးရမှာလဲ ။ "

You've reached the end of published parts.

⏰ Last updated: Jul 14, 2022 ⏰

Add this story to your Library to get notified about new parts!

နွေဦး ကမ္ဘာ (u&z)Where stories live. Discover now