ချစ်မိလာသော

212 4 0
                                    

"ဟဲ့ နွေဦး "

ကျောင်းနေဖက် ​အချစ်ဆုံးနဲ.အခင်မင်ရစုံ သူငယ်ချင်း ကောင်မလေး ချယ်ရီ ခေါ်သံကြောင့် နောက်လှည့်ကြည့်မိသည်။ ဆင်တူကျောင်းဝတ်စုံကိုမှ မြန်မာဆန်စွာ ထမိန်ကလေးနဲ. တင့်တည်လှပသည်။ အနားတိုးထိုင်လာကာ ပခုံးချင်းထိနေသည့်အထိ နီးစပ်သည်။
အားလုံးအမြင်မှာ အတွဲလို.ထင်နေကျပင်မဲ့ ဖြူစင်သော သံယောဇဥ်တစ်ခုဟာ ယခုချိန်ထိ ရှင်သန်နေဆဲကိုတော့ သူတို.သာသိသည်။

"ချယ်ရီ.. ငါနင့်ကို မေးစရာရှိလို.ဟ နင်ဘာလို.နောက်ကျနေတာလဲ "

"sorry bro.  မသိတာကျနေတာပဲ။ ငါ့အသဲလေးဆီ ရောက်နေလို.ဟ ။ ကဲ နင်ဘာမေးမှာလဲ "

"နင်အနေနဲ. စဥ်းစာပြီးဖြေကြည့်ဟာ..  နင် နင်မုန်းတဲ့လူတစ်ယောက်ရဲ. အကြောင်းကို သိချင်ခဲ့ဖူးလား "

"hey.. နွေဦး နင်ချစ်မိနေတာလား "

"ရူးနေလား ။ နင်အနေပဲ စဥ်းစာပါဆို "

ရှက်နေတဲ့ နွေဦး ကိုကြည့်ရင် နွေဦး ဘာတွေတွေ့ကြုံနေရလည်းဆိုတာ ချယ်ရီ ခံစားမိသည်။

"မုန်းတဲ့သူရဲ. အကြောင်းကိုမှ သိချင်နေမှတော့ ကိုယ့်စိတ်တွေက သူဆီရောက်နေလို.ပဲလေဟာ ။ ချစ်နေတာမဟုတ်ရင်တောင် စိတ်ဝင်စားနေတာမျိူးပေါ့ ။"

ချယ်ရီ စကားတွေပြီးဆုံးသွားတော့မှ နွေဦး ရင်ခုန်သံတွေကို သတိထားမိလာတော့သည်။ လူကြီးအကြောင်း စဥ်းစားမိရုံနဲ. အဆက်မပြတ်ခုန်နေတဲ့ ရင်ခုန်သံတွေက တစ်ခုခုကို ဆိုလိုဖော်ပြနေခဲ့သည်။ သို.သော်.. အဖြေရှာမရခဲ့ ။

................

ညချမ်းလေးကို အဖေ၊အမေ၊လူကြီးတို.နဲ. ညစာအတူစားခဲ့ပြီး မအိပ်ခင်လေးကို ခြံထဲက ရေကူးကန်နား လမ်းလျှောက်ဆင်းလာခဲ့တော့သည်။ ကိုယ်ရောက်ပြီး ဘယ်လောက်မှ မကြာလိုက် လူကြီးမှာ နောက်ကရောက်လာခဲ့သည်။

"မအိပ်သေးဘူးလား ချာတိတ် "

"လူကြီးကရော ဘာလို.မအိပ်သေးတာလဲ "

"လူကြီးကမေးရင် ပြန်ပြန်ပြီး မေးခွန်းထုတ်နေတာပဲ ။ "

"မေးမှာပေါ့ ကျွန်တော့အကြောင်း သိချင်ရင် လူကြီးအကြောင်းလည်း ပြောပြရမှာပဲလေ "

နွေဦး ကမ္ဘာ (u&z)Where stories live. Discover now