|5|

228 24 65
                                    

ညဉ့်နက်သန်းခေါင်ထိ သီချင်းရေးနေတုန်း Euphoria ဆိုတဲ့ သီချင်းသံဟာ အခန်းထဲ မြူထူးစွာ ထွက်ပေါ်လာသည်။ ကိုယ့် သီချင်းကို ဖုန်းသံထားတာ ကြောင်တောင်တောင် နိုင်လား မသိပေမယ့် သူကတော့ ကိုယ်ကြိုးစားထားတဲ့ ရလဒ်တိုင်းကို တန်ဖိုးထားရပါတယ်။

ခေါ်ဆိုသူကတော့ မနက်ဖြန် လက်ထပ်တော့မည့် သတို့သားလောင်း အကိုဂျီမင်....

ဒီအတောအတွင်း သူနဲ့ အကိုတို့တောင် တော်တော်လေး ခင်မင်သွားကြပြီ။ သို့ပေမယ့် ခင်လိုက်ရဲ့သားနဲ့ စိမ်းချင်ယောင်ဆောင်နေသူကိုတော့ သူ့မှာ အသဲတယားယား။

"ဟယ်လို အကုိ ဂျီမင် ဘာကိစ္စရှိလို့လဲဗျ။"

"ဂျောင်ကုရား ထယ်ယောင်း အခန်းကို လာခဲ့ပါ့လား။"

"အကိုက အာဂျုးရှီးဆီ ရောက်နေတာလား။ မနက် စောစော ထရမယ်လေ...."

"မင်းနဲ့ ထယ်ယောင်းက တလေသံတည်းပဲ။ ငါ အိပ်မပျော်လို့ပါကွာ ဒီတစ်ညလေးပဲလေ မနက်ဖြန်ဆို မင်းတို့ လာအိပ်ခိုင်းတောင် အိပ်လို့ရမှာ မဟုတ်ဘူး ငါ့ယောင်္ကျားနဲ့ပဲ အိပ်တော့မှာ.... ဒီ အကိုကို ခင်တာကြာတော့ ငြိုငြင်နေပြီလား။"

အကိုဂျီမင်ရဲ့ ဂျစ်တိုက်ပုံကို အတွင်းနက်နက်ပေါင်းတဲ့အခါ အတော်ကို သိလာသည်။ အကိုဆော့ဂျင်နဲ့ဆို လိမ္မာပြီး ချွဲသမျှ အဲ နည်းနည်းတော့ ဂျစ်တယ်ပေါ့လေ သူတို့ဆိုလျှင် လိုချင်တာအကုန်ပေးမယ် ငါ့ကိုတော့ သည်းခံဆိုတဲ့ လူစား။ အာဂျုးရှီးကိုတော့ ခင်ရှာပါတယ်။

"ဟုတ်...ကျွန်တော် လာခဲ့မယ်လေဗျ တံခါးသာ အဆင်သင့် ဖွင့်ထားလိုက်ပါ။"

"အိုခေ ဂျောင်ကုက လိမ္မာတယ် ထယ်ယောင်းနဲ့ကွာပ အ့ ထယ်လေး နာတယ်လေ ဟျောင့်...."
သူနဲ့ ဖုန်းပြောရင်း အပြင်မှာလည်း သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်နေပြန်ပြီ ထင်တယ်။

ဖုန်းရယ် အပေါ်ကုတ်ပါးပါးရယ် ယူပြီး အခန်းတံခါး သေချာပိတ်ကာ တဖက်အခန်းကို ကူးလာတော့ တံခါးဝမှာ မတ်တပ်ရပ်ကာ စောင့်နေတဲ့ အာဂျုးရှီး။ ကိုယ့်ကို မလာစေချင်ဘူး ထင်ထားပေမယ့် တကူးတက စောင့်နေပေးတာကြောင့် နည်းနည်းတော့ ကျေနပ်မိတာ အမှန်။

Ajushiحيث تعيش القصص. اكتشف الآن