|7|

167 22 29
                                    

"ကလေး...."

"ပြော ဂျင်တုံး..."

"ခုနက ထယ်ယောင်းမလား ဘာပြောတာလဲ။"

"ဪ.... ဂျပန်က အေဂျင်စီတစ်ခုက ကမ်းလှမ်းတာကို လက်ခံလိုက်ဆိုပြီး ကျွန်တော့်ကို လှမ်းပြောတာပါ။ ထယ်ယောင်းလည်း ပြောင်းလဲလာပြီ။"

နယ်သာလန်ရဲ့တူးမြောင်းတစ်ခုထဲ လှော်ခတ်နေတဲ့ လှေပေါ်တွင် နှစ်ဉီးသား အပြန်အလှန်ပြောနေကြခြင်း။ကမ္ဘာအနှ့ံခြေဆန့်ပစ်မှာမို့ နှစ်ဉီးသားအကြောင်းမှလွဲ ထွေထွေထူးထူးတွေ မပြောဖြစ်ကြပေမယ့် သူငယ်ချင်းကတော့ ခြွင်းချက်။

"ဂျောင်ကုက ချစ်မွှေးပါတာနေမယ်။ ရေခဲတုံးကိုတောင် အရည်ဖျော်နိုင်တယ် ဆိုတော့လေ...."
ဆော့ဂျင်ကပြောတဲ့ အခါ လှော်တက်ကြောင့် လှုပ်ခတ်နေတဲ့ ရေပြင်လေးများလို ပုခုံးလေးတွေ တသိမ့်သိမ့်တုန်အောင် အကောင်ပေါက်ကလေးက ရယ်လေသည်။ ဒီလောက်တောင် သဘောကျစရာ ကောင်းသလား။

"ထယ်လေး ကိုယ်တိုင်က မြင်မြင်ချင်းတည်းက စိတ်ပါနေတာပါ ဂျင်တုံးရယ်...ကျွန်တော့်သူငယ်ချင်းအကြောင်း ကျွန်တော်သိတာပေါ့။"

အရယ်မပြတ်ပြော​ေနတဲ့ သူကို ဆော့ဂျင်ငေးမောနေမိသည်။ လက်ကလေးနဲ့ အုပ်အုပ်ပြီး လှအောင် ရယ်ရမယ်လို့ ဘယ်သူကများ သင်ပေးလိုက်တယ်ရယ် မသိ။

သိပ်ကို ချစ်ဖို့ကောင်းလွန်း၏။

"ကိုယ့်အကြောင်းရော မသိချင်ဘူးလား ကလေး....."

"အာ...ဂျင်တုံးကြီး ဒီမှာ ခါးနာတောင် ပျောက်သေးတာ မဟုတ်ဘူးနော်...."
မျက်လုံးတစ်ဖက်ပင့် ပြောတော့ ရှက်သွားတဲ့ မျက်နှာလေးက ဆူပုပ်ကာ ခါးလေးပါ ထောက် ရန်တွေ့ပြန်သည်။

"ကိုယ်ပြောတာက ကလေးများ ကိုယ့်အကြိုက်တွေကို ဒီထက်ပိုသိချင်အုံးမလားလို့ပါ။"

"ဂျင်တုံး နှာဘူးကြီး မသိရင်ခက်မယ်...ခုမှ ဖြူစင်သူကြီးလုပ်ပြမနေနဲ့။"

ရေလမ်းသာ ကြီးစိုးတဲ့ နယ်သာလန်ရဲ့ လှေငယ်တစ်စင်းတွင် အချစ်ငှက် နှစ်ကောင် ကျီစယ်ကောင်းလွန်းနေကြသလို...

အက်ဖ်အေ လှေသမား ဉီးလေးကြီးမှာ အင်္ကျီလက်အနားစနဲ့ မျက်ရည်နှစ်စက်ကို ဖိသုတ်လိုက်ရ၏။

AjushiTempat cerita menjadi hidup. Temukan sekarang