EP(14)

1.7K 164 1
                                    

Unicode

"Te Te ရေတောဘက်ကိုသွားရမယ်ဆိုတော့ ခြင်မကိုက်တဲ့ဆေး ဝယ်သွားရမယ်၊ ပြီးတော့ ခရီးကပင်ပန်းအုံးမှာဆိုတော့အကိုက်အခဲပျောက်ဆေးလည်းယူသွားရမယ်"

"အချစ်သဘော "

"Te Te ရေ တစ်ခြားဘာတွေလိုသေးတုန်းစုံပြီလားပြောဦး "

"အချစ်ကြိုက်တာထည့်ပြီးရင်စုံပြီ"

"ဟျောင့် ကင်ထယ်ယောင်း ငါစကားပြော သေချာနားထောင် ပြီးပြီးရော လာမလုပ်နဲ့ သေချာပြော "

"ဟုတ်"

ပိစိကတော့ ပါးစပ်ကသာ"ဟုတ်"ဟု ဖုန်းအကြည့်မပြတ်

"အဲ့ ဖုန်းကို ငါလာခွဲရမလား ပြော"

"မကြည့် မကြည်တော့ပါဘူးကွာ"

ဒါတောင် ဖုန်းကို ခဏ ခဏ လှည့်ကြည့်နေသေး

ဂျောင်ကုတစ်ယောက်ကတော့

(ဘာလဲ ဒီကောင် ဘာလို့ ဖုန်းကို ကြည့်နေတာလဲ ငါ့ကို အလေးမထားတာလား၊ အရင်က ဖုန်းသိပ်မသုံးတဲ့လူက ဘာလို့ဖုန်းကို အမျှင်တန်းမပြတ်ကြည့်နေတာလဲ )

"လာပြီ Te Teဘာလုပ်ပေးရမတုံး"

"အကုန်ပြီးပြီ မင်းဖုန်းသာငါ့ကိုပြ Te Te"

"မပြလို့မရဘူးလား အချစ် "

"မရဘူး အခုပြ"

"ဟင့် "

"ရတယ် ငါသွားယူတော့မယ် မင်းထိုင် မဟုတ်တာတွေ့လို့ရတော့ မင်းအသေသာမှတ်"

ဂျောင်ကု၊ ထယ်ယောင်းဖုန်းကိုကြည့်ပြီးနောက်

"ငါ့ကို အဲ့လောက်တောင်ချစ်တာပဲလား Te Te"

"အွန်း ချစ်တယ် ငါ့အသက်ထက်ပိုပြီး"

အကြောင်းက ဖုန်းထဲမှာဂျောင်ကုရဲ့ နေပုံထိုင်ပုံလေးတွေ၊ဂျောင်ကုအတွက် အနာဂါတ်အိမ် ၊ ဂျောင်ကုလိုချင်တဲ့ ပစ္စည်းလေးတွေရဲ့နာမည်တွေ ၊ ဂျောင်ကုအတွက်တစ်ခုခုဖြစ်လျှင် နှလုံး ၊ကျောက်ကပ်၊အစရှိတဲ့ ကိုယ်တွင်းအင်္ဂါ လှူဒါန်းထားတဲ့ စာရွက်စာတန်း fileတွေကို ဂျောင်ကုတစ်ယောက် ထယ်ယောင်းဖုန်းထဲမှာမြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်

My little Boss and Me(Completed)Where stories live. Discover now