EP(17)

1.5K 142 1
                                    

Unicode

‌Yoongi ဒီနေ့ အသုံးဆောင်ပစ္စည်းဝယ်ရန်နှင့် စိတ်ပြေလက်ပျောက် လမ်းလျှောက်ဖို့ရန်အတွက် ရွာထိပ်သို့ထွက်လာခဲ့၏

Yoongi က ဒီရွာသားဖြစ်သော်လည်း မည်သူနဲ့မျှ အဆက်အဆံမရှိ ၊ ခပ်အေးအေးသာနေတတ်သော လူငယ်တစ်ယောက်ဖြစ်သည်၊ ရွာထဲတွင် မိန်းမပျိုလေးတွေကြားထဲ yoongiကရေပန်းစားသည် သူရဲ့ ့မျက်စိကျဉ်းကျဉ်း အသားအရေဖြူ‌ေဖွးခြင်းက yoongiရဲ့ ချောမောမှုကိုထောက်ပံ့နေသယောင်

"အဒေါ် ဒီသွားတိုက်ဆေးက ဘယ်လောက်ကျလဲ"

"3000 ကြတယ် yoongi လေး"

"ရော့ ပိုတာပြန်မအမ်းနဲ့သွားပြီ "

Yoongi တစ်ယောက် အပြင်ရောက်သောအခါမှ ဈေးဝယ်နေသော အဒေါ်ကြီးမှ

"ဟ ကိုလူအေးလေး အပြင်ထွက်လာတာနဲ့တိုးတာ ကံကောင်းတာနော် "

"ဟားး အမလေးတော်ရေ ပြောမနေပါနဲ့ တစ်လတစ်ခါ အပြင်ထွက်တာတောင် မဟုတ်တဲ့ကိုယ်လူအေးလေးပါတော်"

ရွာထိပ်က Jimin တစ်ယောက်လည်း

"ဟူး မောတာ အိမ်ကလည်း အခုထိ မရောက်သေးဘူးလားမသိ ၊ပြီးတော့ ဘာလို့ ဒီအိတ်ကြီးကလည်း ဘာလို့အဲ့လောက်တောင်လေးနေတာလဲမသိ တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီးကူသယ်ခိုင်းရမယ် "

ထိုအချိန် Jimin ဘေးနားက ဖြတ်သွားသောလူတစ်ယောက်

"ဟေ့လူ နေနေပါဦး"

"သို့သော် ထိုလူကကြားသည့်ဟန် မပေါက် "

"ဟိတ်လူ နေပါဦးဆို "

"အင်းဘာလဲ "

"အိတ် သယ်ပေး ပိုက်ဆံပေးမယ် "

"မသယ်ဘူး ကိုယ့်ဟာကိုသယ် မသယ်နိုင်ရင်လွှင့်ပစ်"

Yoongi တစ်ယောက် အရှေ့က ဘဲနှုတ်သီးနဲ့ကောင်လေးကို နည်းနည်း စိတ်တိုသွား၏ ဘာတဲ့ အိတ်သယ်ပေး ပိုက်ဆံပေးမယ်တဲ့ လူကိုဘာမှတ်နေလဲမသိ ငွေဆိုတာ သူ့ဘဝမှာမလိုတာ ထိုကောင်လေးမသိသည့်ပုံ

"သေနာကြီး သွား မကူညီနဲ့ လစ်တော့ "

အကြောင်းက Jimin နောက်က ကားဟွန်းတီသံကြောင့်ဖြစ်သည် ၊ဒါကိုကိုယောင်းတို့ကားဆိုတာ သေချာပေါက်ပဲ ဘာလို့ဆို ကိုကိုယောင်းကို သူ့ရဲ့ အခုလက်ရှိဝတ်ထားတဲ့ အင်္ကျီနဲ့ lauggae အရောင်ကိုပြောပြထားခြင်းဖြစ်သည်

My little Boss and Me(Completed)Where stories live. Discover now