EP(20)

1.4K 146 6
                                    

Unicode

Jimin တစ်ယောက် basketball ပွဲထိုင်ကြည့်​နေစဥ် စားပွဲခုံ​ပေါ်သို့​ရောက်လာတဲ့ငါး​ခြောက် ပန်းကန်

"​သေး​သေး​လေး စားဖို့ "

"​ကျေးဇူး "

နှစ်​ယောက် beer​လေး​သောက် basketball ပွဲကြည့်လိုက်လုပ်​​နေစဥ်

"Basketballကိုသ​ဘောကျတာလား"

Yoongi ထံမှ အတိ ထိုစကားတစ်ခွန်းသာ

"အွန်း သ​ဘောကျတယ်"

"​ဆော့တတ်လား"

"သိပ်မ​ဆော့တတ်ဘူး ၊​ဆော့တတ်ချင်လိုက်တာ"

"အခု ​ဆော့မလား "

"အမ် "

"​သေး​သေး​လေး အခု​ဆော့ချင်လားလို့ ​မေးတာ "

"အင်း ဒါ​ပေမဲ့ ကွင်းက "

"လိုက်ခဲ့ "

Jimin လက်ကိုကိုင်ကာ basketballကွင်းထဲသို့​​ခေါ်သွားတဲ့yoongi

"Wow ခင်ဗျား အိမ်​နောက်ဘက်မှာ basketball ​ဆော့လို့ရတာပဲ "

"အွန်း ​ဆော့ကြမလား "

​yoongi နဲ့jimin basketball ​ဆော့​နေကြသည်မှာ မိနစ် နှစ်ဆယ် ​လောက်ရှိပြီဖြစ်သည်

"ခင်ဗျား  အကျင့်မ​ကောင်းဘူး ကျွန်​တော်မူး​နေတဲ့အချိန်  basketball လာ​ဆော့ခိုင်း​နေတယ် အဲ့တာ​ကြောင့် ခင်ဗျားကြီးပဲ ခြင်းထဲဝင်​အောင်ထည့်နိုင်​နေတာ "

"ဟားး မ​ဆော့တတ်ပဲနဲ့​ဆော့တာကို  "

"​ဆော့တတ်တယ်ဗျ"

"ခင်ဗျာကြည့် ကျွန်​တော်ခြင်းထဲ ဝင်အောင်ထည့်ပြမယ် "

Jimin တစ်ယောက် yoongi လှောင်နေလို့သာ မခံချင်စိတ်နဲ့ဘောလုံးကိုပစ်သွင်းသော်လည်ဘောလုံးက တစ်ခြား သို့ကြီးပဲ လွဲလွဲသွားသည်

"ကိုယ်ပစ်ပြမယ် "

Yoongi  ဘောလုံးကို ပစ်လိုက်လျှင်ပဲ ခြင်းထဲသို့တည့်တည့်မတ်မတ်ဝင်သွားတဲ့ ဘောလုံး

"Wow "

အံဩနေတဲ့ Jimin

"တွေ့လား ကိုယ်ပစ်ထည့်တာကို"

" အဟင်း ခင်ဗျား ခြင်းနဲ့နီးတဲ့နေရာကနေထည့်တာကို  နည်းနည်းဝေးတဲ့နေရာကနေဆိုမဝင်ဘူး "

My little Boss and Me(Completed)Where stories live. Discover now