part 10(U&Z)

10 2 0
                                    


"ရောင်စဉ် မင်းလွန်းလရိပ်ပိုင်ကို အနိုင်ယူလိုက်နိုင်ပြီလား "

"ဟင့်အင်း သူက ငါ့အမရဲ့ရည်းစားတဲ့ အဲ့တော့ ငါရှုံးတယ် ဟုတ်ပြီလား."

"ဟားဟား မင်းရှုံးတော့ ငါက မြူမှုန်လေးကို ရည်းစားစကားသွားပြောရတော့မှာပေါ့"

လွန်းကိုယ့်နားနဲ့ကိုယ်တောင် မယုံချင် ငါ့ကို လှည့်စားတာပေါ့ ရောင်စဉ်မင်းမြတ် ငါကလေ လှည့်စားတဲ့လူတွေကို အမုန်းဆုံးပဲ

လွန်းရင်ထဲမွန်းကြပ်လာ၍ စာထဲသာအာရုံစူးစိုက်လိုက်သည်

လွန်းကျောင်းဆင်းလို့ အိမ်ပြန်ရောက်တော့လည်း ဘယ်သူ့ကိုမှ စကားအကောင်းမပြောမိ
သူ့ရဲ့အချစ်ဆုံးညီလေးကိုတောင် ဘုဘောက်တွေ ပြောမိနေသည်

"ခွန်း မင်းပဲစားလေ မင်းပဲစားတာ ငါမတွေ့ဘူး"

"စားတယ်လေ ငါစားပါတယ်"

"ဟုတ်တယ်လေ သားရဲ့ ခွန်းပဲစားပါတယ်"

"ဟုတ်လားမေမေ သားမမြင်လို့ စာတွေပိပြီးစိတ်ဖိစီးမှုများနေလို့ ဟီးဟီး"

"အေးအေး စာလုပ်မယ်ဆို ကိုယ်ကျန်းမာမှ စာကြိုးစားလို့ရမှာ မှတ်ထားကျန်းမာရေးက အထိကပဲနော် သား"

"ဟုတ်ကဲ့ပါမေမေရဲ့"

ခွန်းပန်းကန်ဆေးနေတုန်း ဘေးနာမှာ စာလုပ်နေတဲ့လွန်းရဲ့ သက်ပြင်းချသံကြောင့် စိတ်ပူပင်သွားသည်။ငါ့ရဲ့လွန်းလေးဘာဖြစ်နေပါလိမ့် ဒါ စာကြောင့်မဟုတ်ဘူး ဧကန္တ ...

"လွန်း မင်းငါ့ကို ရင်ဖွင့်လို့ရတယ်နော် မင်းစာကြောင့်မဟုတ်တာငါသိတယ် "

"တကယ်ပါ  စာကြောင့်ပါဆို"

"ကဲနှုတ်ခမ်းကြီးက ဝက်ကြီးလိုဆူမလာနဲ့ ချစ်ဖို့လည်းမကောင်းပဲနဲ့ "

"ခွန်း မင်းဘာဖြစ်လို့ အကြောပြောင်နေတာလည်း ငါစိတ်ညစ်လာပြီ"

ဆိုကာ မျက်ရည်ဝဲလာသော လွန်းကြောင့် ခွန်းကြောင်သွားသည်

"မင်းကတာလည်း ငါက စတာပါကွာ မင်းမပျော်မှန်းသိလို့ မင်းစာကြောင့်မဟုတ်တာ အစကတည်းက ရိပ်မိတယ် ဘာလည်း ရောင်စဉ်မင်းမြတ်ကြောင့်လား"

 I want to be your end love (Ongoing)Where stories live. Discover now