Part 11 (U&Z)

9 2 0
                                    

Part 11

ခွန်း ဆိုင်ကိုလာတော့ ငယ်နဲ့ပက်ပင်းတိုးတော့ ရယ်ပြလိုက်သော်လည်း ငယ်က မမြင်ချင်ယောင်ဆောင်သွားသည်

ငါငယ့်ကိုကြိုက်တာ များ လွန်းပြောပြလိုက်တာလားမသိဘူးကွာ ငါ့တောင်စကားလာ‌မပြောတော့ဘူး.....

အား...ရှက်လိုက်တာ ကိုခွန်းကငါ့ကို ဘယ်လိုကြီးကြည့်နေတာလည်း မသိဘူး

"ဟို ဟို သက်တန့် ကိုကို အဲ ကိုခွန်းက ဘာလုပ်လို့လည်း သက်တန့်က ဘာလို့ ကိုယ့်ကို စကားမပြောတာလည်း."

"ဟို ဟို ဟာလေ စကားမပြောတာမဟုတ်ပါဘူး
ကိုခွန်းရဲ့ သက်တန့်က စကားမပြောရဲလို့ပါ ကိုလွန်းလည်း မရှိဘူး ဆိုတော့လေ.."

"လွန်းမရှိလည်း ဘာဖြစ်တုန်း ဘာလည်း သက်တန့်က ကိုယ်နဲ့ ရည်း သူငယ်ချင်းမဖြစ်ချင်ဘူးလား .."

"အဲ့ အဲ့လို မဟုတ်ပါဘူး ခင်ချင်ပါတယ် "

"ဒါဆို သက်တန့်နဲ့ပိုပြီး  ခင်သွားအောင်  fb acc ပေးပါလား"

"ဟုတ် ဟုတ်ကဲ့ "Thet Tant Nge" ဘဲ ကျွန်တော့်ပုံနဲ့ ကိုခွန်းကရော..."

ကျွန်တော်လို့ ပြောတဲ့ ရှေ့က အနှီကောင်လေးကို
ခွန်း မျက်မှောင်ကြုံ့ကာ ကြည့်မိလိုက်ပေမယ့် ကောင်လေးက ပြန်ကြည့်လာတော့ ချက်ချင်း‌ပြုံးလိုက်သည်

"ဒါဆို ညကျ အပ်လိုက်မယ်နော် ပြီးတော့ ရောင်စဉ်မင်းမြတ် acc နဲ့ ရှိုင်းနောင်သန့် accပေးနော်"

" ဟုတ်ကဲ့ အခုတော့ သက်တန့်သွားဦးမယ်နော် ကျောင်းတက်တော့မှာမို့လို့...."

"ကောင်းပြီလေ သွားသွား..."

"ခွန်းလည်း ခနနေလာလောက်ပါပြီ "

"ဟုတ်ကဲ့ ဒါဆို သွားပြီနော် ကိုခွန်း...."

အဟက်  ခုနတုန်း ကသက်တန့်လို့ သူ့ကိုယ်သူသုံးသွားတာတောင်မသိဘူး ထင်ပါတယ်ကလေးရယ်....

ကိုယ်လည်း နောက်နှစ်ကျောင်းတက်မှာပါ ဒါပေမယ့် ကိုယ်က ငယ့်ထက် ကျောင်းမှာ တစ်တန်းငယ်သွားပြီပေါ့နော် ဟူး....
***************
လွမ်း  နန်းနဲ့ cbမှာ စကားပြောနေမိသည်....
ပြောနေတာကတော့ အစုံပဲ ဘယ်နေရာမှာ ဘယ်မုန့်စားကောင်းတယ်

 I want to be your end love (Ongoing)Where stories live. Discover now