Introduction

919 79 10
                                    

24Hours 7Days ကနေ ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ဒီတစ်ခေါက်ရဲ့ ပရိုဂရမ်မှာ ပါဝင်ကြမယ့်သူတွေကတော့ ကျောင်းရဲ့ နာမည်ကြီးတွေဖြစ်တဲ့ ကျောင်းသားနှစ်ယောက်ပါ ခင်ဗျ

ဒီ ပရိုဂရမ်မှာ ပါဝင်မယ့်သူတွေက 7 ရက်လုံး အခြား မည်သူ တစ်ဦး တစ်ယောက်နဲ့မှ မဆက်သွယ်ရပါဘူး။

နေ့ရက် တစ်ခုစီတိုင်းမှာ မစ်ရှင် တစ်ခုစီ ရှိနေမှာပါ။

မစ်ရှင် တစ်ခုချင်းစီကို ပြီးမြောက်အောင်မြင်မှသာ Game တစ်ခုလုံး မှာပါ။

မစ်ရှင် လုပ်ဆောင်စဉ် အပိုင်းတွေကိုသာ ဖြတ်တောက်ချင်းမရှိဘဲ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမှာဖြစ်ပြီး ကျန်တဲ့ ကိုယ်ပိုင်အချိန်တွေကတော့ off camera ပါ။

ဒီအစီအစဉ်မှာ အများသော အားဖြင့် ပါဝင်ကြသူတွေကတော့ ချစ်သူရည်းစားတွေ၊ ငယ်သူငယ်ချင်းတွေနဲ့ ရင်းနှီးကြတဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်။

Dark side ဆိုတာ ရှိတဲ့အတိုင်းပါပဲ
အခက်အခဲ ကြုံလာတဲ့အခါ စွန့်ခွာပြေးမလား
အတူ ရင်ဆိုင်မလား

24/7 ကနေ စောင့်ကြည့်နိုင်ပါတယ်။

"24/7
We are one"

တစ်ယောက်လက်ကို တစ်ယောက် ဖျစ်ညှစ်ထားသည်မှာ ညင်သာမှုမရှိ။
တမင် နာကျင်စေရန် ရည်ရွယ်မှန်း သိသာလွန်းလှသော်လည်း သူတို့၏ မျက်နှာမှာ အပြုံးတွေနှင့်။

Character မိတ်ဆက်
******************

Soft & Cutest boy

Build

အပြုံးချိုချိုလေးများနှင့် ချစ်စဖွယ် ဤ နူးညံ့လှသောကောင်လေး၏ နာမည်က ဗြူ တဲ့။

ကျောင်း၏ ဂီတနှင့် အနုပညာမေဂျာ ခေါင်းဆောင်။

နူးညံ့မှုအားလုံး စုပုံထားသကဲ့သို့
ချိုသာသော အသံရှိသူ။
ခြေလှမ်းတိုင်း၌ လှပသူ။

ခေါင်းဆောင်လိုစိတ်ရှိပြီး အများနှင့် လိုက်လျောညီထွေရှိသူ။

တစ်ယောက်သော သူအတွက်တော့ မပါဝင်ပါဘူး။

Strong & Intelligence

Bible

တစ်ကျောင်းလုံး၏ ပထမနေရာ၌ အမြဲရှိသူ။
ဘတ်စကတ်ဘော အသင်း၏ ခေါင်းဆောင်။

24Hours 7 Days (BibleBuild Fanfic) ခေတ္တရပ်နားWhere stories live. Discover now