ဇာတ်လမ်း၏အစ

534 68 7
                                    

အတိတ်ကို ပြန်လည်သတိရခြင်းဟာ အနာဂတ်ရှိလို့လား
အားနည်းချက်လားတော့သိဘူး
ဖြစ်ကောင်းဖြစ်မယ်
ဒါပေမဲ့ ပြန်လည်အမှတ်ရခြင်းကို
ထိန်းချုပ်လို့တော့ မရဘူး
တစ်ခါတလေ အဲဒါကို အရသာတောင်
တွေ့နေမိတယ်

#တေဇာ(လရောင်လမ်း)

နောက်ကြောင်း မဟုတ်သော ရှေးက အကြောင်းများ...။

အသားဖြူဖြူ မျက်ရစ် တစ်ထပ်တည်းနဲ့
သေးသေးကွေးကွေးကောင်လေးရဲ့ နာမည်က "Bible" တဲ့။

အနေအရမ်းအေးလို့ တစ်ရက်မှာ စကားတစ်ခွန်းထွက်ဖို့တောင်ခက်လို့ အိမ်ကလူတွေက အမြဲပေါင်းသင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိတ်ပူနေရတယ်။

အချိန်ပြည့် ချောင်မှာ ကပ်နေတတ်တယ်။
Comic တစ်အုပ် ဖတ်ချင်ဖတ်နေမယ်။
rubik's cube နဲ့ ကစားနေမယ်။
Puzzle အစိတ်အမွှာ သေးသေးလေးတွေကို ဆက်နေမယ်။
ရယ်မောပျော်ရွှင်အစား သူဟာ သူ့ကမ္ဘာလေးအတိုင်း သီးသန့်နေထိုင်တတ်တဲ့ ကလေးတစ်ယောက်ပါ။

ပေါင်းသင်းဆက်ဆံရေး ခက်ခဲတယ်။
လူစုလူဝေးတွေကို မွန်းကျပ်တယ်။
လိုက်လျောညီထွေဖြစ်ဖို့ မလွယ်ကူဘူး။
ဆူညံသံတွေနဲ့ သဟဇာတ မဖြစ်ဘူး။
သာမန် introvert လေးပါပဲ။
သူ့သီးသန့်ကမ္ဘာလေးမှာ သူ့အတိုင်းလေး နေထိုင်တဲ့ ကောင်လေးနာမည်က နောက်တစ်ခေါက် ထပ်မိတ်ဆက်ရရင် "Bible" တဲ့။

နောင်တစ်ချိန်မှာ ကျောင်းရဲ့ အချေကိုယ်တော်လေး၊ ဘတ်စကတ်ဘောအသင်းရဲ့ ခေါင်းဆောင် ဖြစ်လာမယ့် ကျောင်းသားလေးပေါ့ကွယ်။

ထူးခြားချက်က

"Hydrophobia" ရှိတယ်
ဒါမှမဟုတ်
ရှိခဲ့ဖူးတဲ့သူ တစ်ယောက်ပါတဲ့။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ပြုံးလိုက်၊ ရယ်လိုက်တိုင်း ကြည်လင်ပြီး
လူချစ်လူခင်များတဲ့ ကောင်ကလေး နာမည်က "Build" တဲ့။

24Hours 7 Days (BibleBuild Fanfic) ခေတ္တရပ်နားWhere stories live. Discover now