part 16(uni)

1.2K 52 2
                                    

စားစော် (အပိုင်း ၁၆)

"ဆာဟိရေ...ဆာဟိ...ဆာဟိဘန်ရေ...."

သုံးယောက်သားစကားပြောနေစဥ် အိမ်ရှေ့ကနေ အသံကျယ်ကျယ်ဖြင့်ခေါ်သည့်အသံကြောင့် သုံးယောက်သားခေါင်းထောင်ကြည့်တော့ သူ့သူငယ်ချင်းမ ခိသာဝါ။ အိမ်ထဲမဝင်ဘဲ ခြံပေါက်ဝကနေ ကုန်းအော်နေလေသည်။ လက်ထဲမှာလည်း ထုံးစံအတိုင်းလက်ဆွဲခြင်းကြီးကို ဆွဲထား၏။

သူအိမ်ရှေ့ကိုကပြာကယာဆင်းသွားကာ ထွက်တွေ့လိုက်ရသည်။ သူ့ကိုမြင်တော့မှ ဖြူဖွေးနေသည့်သွားတွေနှင့် ရယ်ပြလေသည်။

"အိမ်ထဲမဝင်ဘဲဘာလို့ ကုန်းအော်နေတာလဲ"

"နင့်အိမ်မှာ အန်တီမဲမှမရှိတာ ငါကဝင်စရာလား။ "

မျက်စောင်းထိုးပြီးပြန်ဖြေသည့်ခိသာဝါကို သူစိတ်မဆိုးမိပေ။ ပြုံးလည်းပြုံးလိုက်၏။ မိန်းမပီသသည့် ခိသာဝါ၏စိတ်ကို မသိမသာချီးကျူးနေမိသည်။

"ဘာလာလုပ်တာလဲ"

"နင်ငါ့အိမ်ဘက်မလာလို့ ငါစျေးဝယ်ပြန်ရင်း လှည့်ဝင်လာတာ။ အန်တီမဲအခြေအနေရော ဘာထူးလဲ"

"ဘာမှမထူးပါဘူး။ အမေနဲ့သွားတွေ့တုန်းကလည်း အမေက မအေးဆီကိုပဲသွားခိုင်းနေတာ။"

"နင်မသွားဘူးလားမမအေးဆီ"

"မသွားပါဘူး...ဘာလို့သွားရမှာလဲ"

"နင်ကလည်း မမအေးသာကူညီရင် အခုလောက်ဆို အန်တီမဲဒုက္ခရောက်မှာမဟုတ်ဘူး။ မမအေးက တအားသဘောကောင်းတာဟ"

ခိသာဝါ၏စကားကြောင့် မအေးမျက်နှာနှာမြင်ယောင်ရင်း နှာခေါင်းရှုံ့လိုက်မိသည်။ ဒီလိုမိန်းမလား သဘောကောင်းတာ။

"တော်ပါ..."

"တကယ်ပြောတာဟ၊ ငါတောင်မမအေးကူညီလို့ အခုငါဆိုင်နဲ့ဘာနဲ့ဖြစ်နေပြီ။ ဆိုင်ကလည်းရောင်းကောင်းတယ်ဟ။ အခုတောင် စျေးဝယ်ပြီးနင့်ဆီဝင်ပြီးရင် မမအေးအိမ်သွားမလို့"

"ဘာသွားလုပ်မှာလဲ။ ကိုယ့်ဘာသာအဆင်ပြေနေရင်လည်း အဲ့အိမ်ကိုထပ်မသွားနဲ့တော့လေ"

"မသွားလို့မရဘူး...မမအေး ချပေးထားတဲ့ပိုက်ဆံလေးပြန်သွားသွင်းရဦးမယ်။ အတိုးမယူတာနဲ့တင် ဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းသလဲ"

စားစော်Where stories live. Discover now