အခန်း ၂၆ (Zသိမ်းပိုင်း)

3K 172 24
                                    

ယနေ့မှစ၍ ကြင်သူနှစ်ဦးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ။

သီချင်းသံသည် ဘုရားကျောင်းကလေးထဲ လွင့်ပျံ့နေ၏။
လက်ထပ်ပွဲကလေးသည် မြို့ငယ်လေးတွင် ခြိမ့်ခြိမ့်သဲဖြစ်နေသည်။

ဘုရားကျောင်းထဲ လူကြီးလူငယ် လူရွယ်မရွေး ယောက်ယက်ခတ်နေကြ၏။
သတို့သားသည် စင်မြင့်ထက်တွင်နေရာပြီး၏။
သိပ်မကြာမီတွင် သတို့သမီးရောက်လာတော့မည်။

ဝမ်းသာပျော်ရွှင်ရမည့်အစားကျွန်မ မျက်နှာထက် မျက်ရည်တို့တွင်တွင်စီးကျနေသည်။

"မငိုနဲ့ "

မိတ်ကပ်ပြင်ပေးသူမှာ သရ။
သူက ပါးပြင်ပေါ် တစ်ခုခုနှင့်လိုတို့၏။

" သရ နင်ငါ့ကိုကတိပေးစမ်းပါ"

သရနှုတ်ဆိတ်နေသည်။
ဒီလက်ထပ်ပွဲတစ်ခုခုဖြစ်သွားမည်ကို ကျွန်မစိုးရိမ်နေသည်။
ထို့ထက် သရ သူပြောခဲ့သလိုမျိုး
လူတွေရှေ့မှာ ကျွန်မတို့အကြောင်းထပြောလိုက်မှာကို သိပ်ကြောက်နေမိသည်။

"ဟင်း!"

သရ၏ ခပ်မဲ့မဲ့ရယ်သံမှာ လက်စားချေလိုသူတစ်ဦး၏
နောက်ဆုံးလက်နက်ကိုကိုင်ဆောင်ထားသော သူတစ်ဦး၏ရယ်သံမျိုး။

"ကြောက်နေတယ်ပေါ့ဟုတ်လား"

"သရ.."

"ဘုရားကျောင်းထဲကိုသာ ဘယ်သူမှ မရိပ်မိအောင် ပြုံးပြီး ဝင်သွားနိုင်ခဲ့ရင်.."

"အဲ့လိုလုပ်ရင် အဲ့လိုလုပ်နိုင်ရင် နင် ဒီပွဲကို မဖျက်ဘူးလို့ကတိပေးမလား။ဟင် ဟင်သရ နင်ကတိပေးမယ်မလာ"

သရလက်ကိုကိုင်လို့ ကျွန်မ ကလေးမုန့်ပးဆာသလိုပူဆာတော့
သူ့မျက်ဝန်းတွေမှာ နာကြည်းရိပ်တို့ ဖြတ်ပြေးကုန်၏။

"လုပ်နိုင်မလား စောင့်ကြည့်ရသေးတာပေါ့လေ"

အချိန်စေ့တော့ ကျွန်မ တို့ ဘုရားကျောင်းကလေးထဲ ဝင်ခဲ့ရသည်။
ကျွန်မအကိုကြီး၏ လက်ကိုတွဲကာ အကိုကြီးကသတို့သားထံ ပို့ဆောင်၏။
ပုရိတ်သတ်တွေကြားထဲဝင်ထိုင်သော သရကို မျက်လုံးထောင့်ကပ်ကြည့်တော့  သူက မမှိတ်မသုန်စိုက်ကြည့်နေသည်မို့ ကျွန်မ ခေါင်းကိုအောက်စိုက်ကာ ပြုံးဟန်ဆောင်ထားရသည်။
မျက်ရည်တွေ စီးကျမလာဖို့ အံကြိတ်ထားရသည်။

My Choice (Completed )Wo Geschichten leben. Entdecke jetzt